၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်

4496စစ်ဥပဒေကျေညာချက်1948စဝ်ရွှေသိုက်

သမတအိမ်တော်၊ ရန်ကုန်မြို့။

စစ်ဥပဒေကျေညာချက်။

၁၉၄၈ ခုနှစ်၊ ထုတ်ပြန်ကျေညာချက်အမှတ် ၄။

၁၃၁၀ ခု၊ တော်သလင်းလဆန်း ၁၃ ရက်။

(၁၉၄၈ ခု၊ စက်တင်္ဘာလ ၁၅ ရက်။)


လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှုကြောင့်၊ ပြည် ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ရောက်ရှိနေသည်တကြောင်း။

ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရ သည့်ပြင်၊ ဥစ္စာပစ္စည်းလည်းအမြောက်အမြားဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်း တကြောင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။

ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့်အာဏာများအရ၊ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။

၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ဟုခေါ်ရမည်။

၂။ ဤအမိန့်ကို ထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍၊ သုံးလအပိုင်းအခြားအဘို့၊ ကျိုက္ခမီခရိုင်နှင့် သထုံ ခရိုင်များအတွင်း၌၊ စစ်ဥပဒေအတည်ဖြစ်စေရမည်။

၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကိုတည်မြဲအောင် ဆောင်ရွက်ရာ၌ ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ၊ စစ်ဘက်ဆိုင်ရာ၊ အာဏာပိုင်များက၊ ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်း ဥပဒေများကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေ စောင့်သိရိုသေသော တိုင်းသူပြည်သားတို့ အား ဆင့်ဆိုလိုက်သည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်။
(၁၉၄၈ ခုနှစ်၊ စက်တင်္ဘာလ ၁၅ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၁၈၁]