၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သမတအိမ်တော်၊ ရန်ကုန်မြို့
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။
[၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၈။]
၁၃၂၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်။
(၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
၁။ ။ အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေဟု ခေါ်ရမည်။
- (၂) ဤအက်ဥပဒေသည်၊ ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ရက်နေ့ တွင်စတင် အာဏာတည်ရမည်။
၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်သည့် နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်ဘဲ၊ ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာ တော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
- (က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
- (ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ၏ပဌမဇ ယား၊ အပိုင်း၂တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
- (၂) ၁၉၆၁ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ် လုပ်၍ရသည့်ဝင်ငွေ ပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ် ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေ များတွင် ထိုသူ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာ ဖြစ်ရမည်။
- (၃) ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင် ထက်မပိုစေရ။
- (၄) ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈ ၊ ပုဒ်မခွဲ (၂)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်း ကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ်အ ခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေ မှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
- (၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန် တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန် ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော်စည်းကြပ် ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ် အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ်ခွင့်ပြု သည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
- (၂) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက်မ ဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့် ညီမျှရမည်။
၄။ ။ စာပို့တိုက်နှုန်းများသက်မှတ်ခြင်း။ ။ ၁၉၆၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာ တော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက် ဥပဒေ၏ ပဌမဇယားအဖြစ် ထည့်သွင်းရမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
ဦးဝင်းမောင်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၂၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်။
(၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)
အမိန့်အရ၊
သာထက်၊
နိုင်ငံတော်သမတ၏အတွင်းဝန်။
[အမှတ် ၆၂]