သီတင်းကျွတ်လဘွဲ့ လွမ်းချင်း
လှိုင်လို့သာသင်းတော့တယ်
ကန်းမင်းငယ်နန္ဒာ
လျှံဝင်းငယ်ဖြာသည်
ပွင့်ရွှေကြာ မြိုင်မြိုင်နှင့်
ကြိုင်ကြိုင်သင့်တဲ့ လကိုလေး။
တူရာသီငယ်
အဿဝဏီကြယ်မြတ်
ကျီးမင်းသိန်လဲ၊ ရောင်ရှိန်လျှပ်လို့
သုဒသ်ကဲ့နန်းလို
မီးမြင့်မိုရ်နှင့်
ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့
ဘုံထွတ်ကယ်ဦးကင်
ပွင့်စမ္ပယ်ရွှင်သောခါ
တိုင်းခွင်ကြီးအောင်ချာမှာ
ဆီးမီးရောင် ထိန်ဝါဝင်းလို့
လင်းလှတယ်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |