နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်း

1679နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်း = အထက်ပိုင်း ဝိပဿနာဉာဏ်ဖားအောက်တောရဆရာတော်


ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်း = အထက်ပိုင်း ဝိပဿနာဉာဏ်

ဩဘာသမှသည် နိကန္တိသို့တိုင်အောင်သော တရားတို့ကိုလည်းကောင်း, ရူပသတ္တက အရူပသတ္တက ရှုနည်းတို့၌ တင်ပြခဲ့သော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း, ရှေးပိုင်းတွင် ရေးသားတင်ပြခဲ့သော အာယတနဒွါရအလိုက် သိမ်းဆည်းထားအပ်သော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း ..

၁။ ရုပ်နာမ်နှစ်ပါးနည်း,
၂။ ခန္ဓာငါးပါးနည်း,
၃။ အာယတန တစ်ဆယ့်နှစ်ပါးနည်း,
၄။ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း ––

ဤသို့စသော နည်းတို့တွင် မိမိနှစ်ခြိုက်ရာနည်းဖြင့် ယင်းပရမတ်တရားတို့၏ ဖြစ်မှုပျက်မှု ဥဒယ-ဝယသဘောကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်သည်သာ ဖြစ်သည်။ သင်္ခါရတရားတို့၏ ခဏပစ္စုပ္ပန်၌ ဉာဏ်အမြင် သန့်ရှင်းအောင် ကြိုးစားပါ။ လက္ခဏာရေးသုံးတန်၌လည်း ဉာဏ်အမြင် သန့်ရှင်းသထက် သန့်ရှင်းအောင် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ကြိုးစားပါ။