နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မရဏာနုဿတိကမ္မဋ္ဌာန်း(နာမ်ပိုင်း)

မရဏာနုဿတိကမ္မဋ္ဌာန်း

မရဏာနုဿတိ ကမ္မဋ္ဌာန်းမှာလည်း ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်း ဖြစ်သဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဘာဝနာဇောမှာ ကာမာဝစရ ဥပစာရ သမာဓိဇောသာ ဖြစ်သဖြင့် (၇)ကြိမ်သာ စောနိုင်၏၊ ဇောနောင်၌ တဒါရုံကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံယူနိုင်ပါက ယင်းဇီဝိတိန္ဒြေမှာ ရုပ်ဇီဝိတနှင့် စုတိနှင့်ယှဉ်တွဲနေသော နာမ်ဇီဝိတ ဖြစ်သဖြင့် ကာမအာရုံဖြစ်ရကား ယင်းအာရုံမှာ ဝိဘူတာရုံဖြစ်ပါက တဒါရုံ ကျခွင့်ရှိ၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ တစ်ဖန် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို အာရုံမယူနိုင်ဘဲ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်မှာသာ သောင်တင်နေပါက ယင်းမရဏာနုဿတိဇော၏ နောင်၌ တဒါရုံ မကျနိုင်။ သို့သော် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းထားနိုင်သော သူတော်ကောင်းတို့သည်သာလျှင် ရုပ်ဇီဝိတ နာမ်ဇီဝိတ၏ ပြတ်စဲမှုကို ပရမတ်သို့ ဆိုက်အောင် အာရုံယူနိုင်ဖွယ် ရှိ၏၊ ပရမတ်သို့ ဆိုက်အောင် နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတို့၏ မရဏာနုဿတိကမ္မဋ္ဌာန်းမှာ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်၌သာ ဘာဝနာစိတ် အရောက်များဖွယ်ရာ ရှိပေသည်။

ဓမ္မာရုံလိုင်း - ဗုဒ္ဓါနုဿတိ မရဏာနုဿတိ ဇယား

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများပြီးသူသည် ဘုရားဂုဏ်လျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်း လိုပါက ..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ နှစ်ခြိုက်ရာ ဘုရားရှင်၏ဂုဏ်တော် တစ်ခုခုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုဂုဏ်တော်အာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။

မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသူ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုအာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဤ ဘုရားဂုဏ်လျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, သေခြင်း မရဏလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ဉာဏ်ရှိသလို ချဲ့ထွင်၍ သိမ်းဆည်းရှုပွားနိုင်ပေသည်။

ဤတွင် ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော မဟာကုသိုလ်ဇောစောသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို သိမ်းဆည်းပုံစနစ်ကို ရေးသားတင်ပြပြီးလေပြီ။ ယခုတစ်ဖန် မဟာကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိများ၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ တင်ပြပေအံ့ ..။

ကြိုတင် သိထားသင့်သော အချက်များ

ဤအရာဝယ် -

၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌,
၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ၌,
၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ၌,
၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ၌,
၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ၌ -

ဤသို့လျှင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရနှစ်ခု နှစ်ခု၌ ပြိုင်တူ ထင်၏၊ အာရုံထင်လာသောအခါ စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်သည်လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိအစဉ်ဟူသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ရ၏၊ ထိုကြောင့် စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်က ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုစသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း, မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင်ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခုနှစ်ခု၌ ထင်ရသည်။

ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်၍ (= ထိခိုက်သကဲ့သို့ ဖြစ်၍) ထိုခဏမှာပင်လျှင် ဘဝင်ဟူသော မနောဒွါရ၌လည်း ထင်လာ၏၊ ဘဝင်လှုပ်ခြင်း၏ အကြောင်း ဖြစ်သည်ဟု ဆိုလို၏၊ (မနောဒွါရတည်းဟူသော ဘဝင်၌လည်း ရူပါရုံထင်လာသောကြောင့် ဘဝင်လှုပ်ရသည် ဟူလို။) သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။[မှတ်စု ၁]

ဤ၌ အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၂]က –– “ဃဋ္ဋေတွာ = ထိခိုက်၍ = ထိခတ်၍”ဟူသော စကားလုံးကို အသုံးပြုထား၏၊ ထိုကြောင့် “ဃဋ္ဋေတွာ” အရ “ရူပါရုံသည် စက္ခုဒွါရ မနောဒွါရဝယ် တကယ်ပင် ထိမိ ခတ်မိ၏”ဟု ထင်စရာ ရှိ၏၊ အမှန်ကား အရာဝတ္ထုချင်း ထိခတ်မိခြင်းမျိုးကား မဟုတ်ပေ။ ထိခတ်မိသကဲ့သို့ ဖြစ်လောက်အောင် အာရုံနှင့် ဒွါရတို့ ရှေးရှုဓာတ်ခိုက်မိကြခြင်းသာ = ရှေးရှုမျက်နှာချင်းဆိုင်မိကြခြင်းမျှသာ ဖြစ်သည်ဟု မှတ်ပါ။[မှတ်စု ၃]

ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့ –– ငှက်တစ်ကောင်သည် ကောင်းကင်ခရီးဖြင့် ပျံသန်းလာ၍ သစ်ပင်ဖျား၌ = သစ်ခက်ဖျား၌ နားလျှင် နားချင်းပင် သစ်ခက်ကိုလည်း ထိခိုက်မိ၏၊ ထိုငှက်၏ အရိပ်သည်လည်း မြေပြင်ပေါ်၌ ထိခိုက်မိ၏၊ ငှက်၏ သစ်ခက်ကို ထိခိုက်ခြင်း, ငှက်အရိပ်၏ မြေ၌ ပျံ့နှံ့ခြင်းတို့သည် မရှေးမနှောင်း ရှေးလည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်ကုန်သကဲ့သို့ ––- ဤ ဥပမာအတူပင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ အစရှိသည်တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်ကို လှုပ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနောဒွါရ၌ ရှေးရှု ကျခြင်းသို့ ရောက်ခြင်း ထင်ခြင်းသည်လည်းကောင်း မရှေးမနှောင်း ရှေးလည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်၏၊ ထိုဘဝင်လှုပ်ရာအခါမှ နောက်၌ ဘဝင် အယဉ်ကို ဖြတ်၍ စက္ခုဒွါရစသည်တို့၌ ဖြစ်ကုန်သော အာဝဇ္ဇန်းအစ ဝုဋ္ဌောအဆုံး ရှိကုန်သော ဝီထိစိတ်တို့၏ အခြားမဲ့၌ ရူပါရုံအစရှိသော အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံ၌ ဤ ပထမ မဟာကုသိုလ်စိတ်သည် ဇောကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာပေသည်။[မှတ်စု ၄]

စက္ခုဒွါရဝီထိ၌ အသုံးပြုထားသော သင်္ကေတများ

တီ= အတီတဘဝင် = လွန်သွားသောဘဝင်၊
= ဘဝင်္ဂစလန = မနောဒွါရ၌ အာရုံထင်လာ၍ လှုပ်သောဘဝင်၊
= ဘဝင်္ဂုပစ္ဆေဒ = မနောဒွါရ၌ အာရုံထင်လာ၍ ရပ်သွားသောဘဝင်၊
= ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း = ဆိုင်ရာဒွါရနှစ်မျိုး၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်၊ (ဆင်ခြင်)
= စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ်၊ (မြင်သိ)
သံ = သမ္ပဋိ စ္ဆိုင်း = (စက္ခုဝိညာဏ်၏) အာရုံကို လက်ခံသောစိတ်၊ (လက်ခံ)
= သန္တီရဏ = (စက္ခုဝိညာဏ်၏) အာရုံကို စူးစမ်းသောစိတ်၊ (စုံစမ်း)
ဝု = ဝုဋ္ဌော = ယင်းအာရုံကို ဆုံးဖြတ်ချက်ချသောစိတ်၊ (ဆုံးဖြတ်)
= ဇော = ယင်းအာရုံ၏ အရသာကို အဟုန်ပြင်းစွာ ဆက်တိုက် ခံစားသောစိတ်၊ (ဇော)
= တဒါရုံ = ဇောယူသည့် အာရုံကိုပင် ဆက်လက်အာရုံယူသောစိတ်၊ (တဒါရုံ)

အတီတဘဝင် - –– ရူပါရုံသည် ဥပါဒ်လျှင် ဥပါဒ်ချင်း စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်၊ စိတ္တက္ခဏ တစ်ချက် သော်လည်းကောင်း, များစွာသော်လည်းကောင်း လွန်ပြီးမှ ထင်လာနိုင်၏၊ ရူပါရုံ ဥပါဒ်ပြီးနောက် ဒွါရ နှစ်ခု၌ မထင်နိုင်သေးဘဲ လွန်သွားသော ဘဝင်စိတ္တက္ခဏများကို အတီတဘဝင်ဟု နာမည်တပ်ထားသည်။ ရူပါရုံ မဥပါဒ်မီ ဖြစ်နေသော ဘဝင်များကို (ဘ)ဟု နာမည်တပ်ထားသည်။ သို့သော် ရူပါရုံ မဖြစ်သော စိတ္တက္ခဏဟူသည် မရှိစကောင်းပေ။ ယေဘုယျအားဖြင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ ရူပါရုံအဝင်အပါဖြစ်သည့် ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်တို့ ဖြစ်နေကြသောကြောင့်, စိတ္တဇရုပ်တို့ကလည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌ ဖြစ်နေကြသောကြောင့် ဖြစ်၏၊ ဤ၌ စက္ခုဒွါရ မနောဒွါရ၌ ထင်နိုင်သော ရူပါရုံကိုသာ ဆိုလိုသည်ဟု မှတ်ပါ။

အတိမဟန္တာရုံ စက္ခုဒွါရဝီထိ - တဒါရမ္မဏဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၇)

အမန္ဒာယုက (၁၁)

မဇ္ဈိမာယုက (၁)

ပထမ မဟန္တာရုံ စက္ခုဒွါရဝီထိ - ဇဝနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၄)

အမန္ဒာယုက (၁၄)

မဇ္ဈိမာယုက (၁)

ဒုတိယ မဟန္တာရုံ စက္ခုဒွါရဝီထိ - ဇဝနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၁)

အမန္ဒာယုက (၁၇)

မဇ္ဈိမာယုက (၁)

ပထမ ပရိတ္တာရုံ စက္ခုဒွါရဝီထိ - ဝေါဋ္ဌဗ္ဗနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၂၈)

အမန္ဒာယုက (၂၀)

မဇ္ဈိမာယုက (၁)

မဇ္ဈိမာယုက - –– အတိမဟန္တာရုံဝီထိ၌ အတီတဘဝင် (၁)ချက်လွန်၏၊ ယင်းအတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊ ပထမ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၂)ချက် လွန်၏၊ ပထမရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊ ဒုတိယ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၃)ချက်လွန်၏၊ ပထမပရိတ္တာရုံဝီထိ၌ (၄)ချက်, ဒုတိယပရိတ္တာရုံဝီထိ၌ (၅)ချက်, တတိယပရိတ္တာရုံဝီထိ၌ (၆)ချက်, စတုတ္ထပရိတ္တာရုံဝီထိ၌ (၇)ချက်, ပဉ္စမပရိတ္တာရုံဝီထိ၌ (၈)ချက်, ဆဋ္ဌပရိတ္တာရုံဝီထိ၌ (၉)ချက် လွန်၏၊ ဘဝင်မှ စ၍ ရေတွက်သော် ပထမဦးဆုံး = ရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊

စက္ခုပသာဒ အဝင်အပါဖြစ်သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေမှ စ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်သို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ အမြဲမပြတ် ဖြစ်ပေါ်နေကြ၏၊ ကံ၏အရှိန်အဝါအပေါ် မူတည်၍ ယင်းခဏငယ်တိုင်း၌ တစ်မျိုး တစ်မျိုးလျှင် ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်၏၊ စက္ခုဒသကကလာပ်ပေါင်းလည်း ခဏငယ်တိုင်း၌ များစွာ ဖြစ်နေကြ၏၊ စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ်ပေါ်လာသော အချိန်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ စက္ခုပသာဒပေါင်းများစွာ ဥပါဒ်ဆဲလည်း ရှိ၏၊ ဌီသို့ ရောက်ဆဲလည်း ရှိ၏၊ ဘင်သို့ ရောက်ဆဲလည်း ရှိ၏၊ ယင်းစက္ခုပသာဒပေါင်းများစွာတို့တွင် အားအကောင်းဆုံးသော မဇ္ဈိမာယုက စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နာမ်တရားစုသည် ဖြစ်ပေါ်လာ၏၊

မန္ဒာယုက, အမန္ဒာယုက, မဇ္ဈိမာယုက ပသာဒတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှည်သော သတ္တရသာယုကချည်း ဖြစ်၍ အသက် ရှည်, တို, အပို, အယုတ် မရှိသော်လည်း ပဉ္စဒွါရဝီထိ၏အာရုံဖြစ်သော ပဉ္စာရုံနှင့် ပြိုင်၍ ချုပ်သည်၊ ရှေးဦး ချုပ်သည်၊ နောက်မှ ချုပ်သည်ကို စွဲ၍ စက္ခုဒွါရ အတိမဟန္တာရုံဝီထိ၌ အတီတဘဝင်၏ ဥပါဒ်ကစ၍ ဖြစ်သော စက္ခုပသာဒသည် မိမိနှင့် ထိခိုက်သော ရူပါရုံနှင့် ပြိုင်၍ချုပ်ခြင်းကြောင့် မရှည်မတို အလယ် အလတ် အသက်ရှိ၏ဟု ဆိုအပ်ရကား မဇ္ဈိမာယုက မည်၏၊ ယင်းအတီတဘဝင်မှ ရှေးစိတ္တက္ခဏတို့၌ ဥပါဒ်သော (၃၇)မျိုးသော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ မချုပ်မီ ချုပ်ခြင်းကြောင့် ထိုရူပါရုံအောက် နည်းသော တိုသော အသက်ရှိ၏ဟု ဆိုအပ်ရကား မန္ဒာယုက မည်၏၊ ယင်းအတီတဘဝင်၏ ဌီ-ဘင်မှ စ၍ နောက်စိတ္တက္ခဏတို့၌ ဖြစ်သော (၁၁)မျိုးသော စက္ခုပသာဒသည် ထိခိုက်သောရူပါရုံ ချုပ်သည်တိုင်အောင် မချုပ်သေးသောကြောင့် ထိုရူပါရုံထက် ရှည်သော အသက်ရှိ၏ဟုဆိုအပ်ရကား အမန္ဒာယုက မည်၏၊ ကြွင်းသော စက္ခုဒွါရဝီထိတို့၌လည်းကောင်း, သောတဒွါရဝီထိ စသည်တို့၌လည်းကောင်း ဤနည်းကို မှီ၍ သိအပ်၏၊ ပဉ္စဝိညာဏ်ဖြစ်သည်မှ ရှေ့၌ ဖြစ်ခဲ့၍ ပဉ္စဝိညာဏ်ဖြစ်သည်တိုင်အောင် မချုပ်မပျက် အသက်ရှည်သေးခြင်းကြောင့် နိဿယ ပုရေဇာတ ပြု၍ ပဉ္စဝိညာဏ် မှီခြင်းငှာ ထိုက်သော ထိုမန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ပဉ္စပသာဒတို့တွင် မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ ပဉ္စဝိညာဏ် မှီသည်ဟု အဘိဓမ္မာဝတာရဋီကာ ဆုံးဖြတ်၏၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့်သော်လည်းကောင်း, ဘဝင်္ဂုပစ္ဆေဒနှင့် သော်လည်းကောင်း ဥပါဒ်ပြိုင်သော ပဉ္စပသာဒကို ပဉ္စဝိညာဏ် မှီသည်ဟူသော ဝါဒကိုကား ပယ်၏၊[မှတ်စု ၅]

ပဉ္စဝေါကာရဘုံ၌ ဖြစ်သော မနောဝိညာဏ်စိတ်တို့တွင် ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီ၍ ဖြစ်၏၊ ဘဝင်စသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား (= ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံဟူသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား) မိမိ၏ ရှေးအနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေးစိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏၊ မရဏာသန္နအခါ ဘဝင် အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊[မှတ်စု ၆] ထိုကြောင့် ဤသို့ မှတ်သားထားပါ။

၁။ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊
၂။ ပဋိသန္ဓေနောင် ပထမဘဝင်သည် ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊
၃။ ဒုတိယဘဝင်သည် ပထမဘဝင်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။
၄။ ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၅။ သမ္ပဋိ စ္ဆိုင်းသည် ပဉ္စဝိညာဏ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၆။ သန္တီရဏသည် သမ္ပဋိ စ္ဆိုင်းနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၇။ ဝုဋ္ဌောသည် သန္တီရဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၈။ ပထမဇောသည် ဝုဋ္ဌောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။
၉။ သတ္တမဇောသည် ဆဋ္ဌဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၀။ ပထမတဒါရုံသည် သတ္တမဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၁။ ဒုတိယတဒါရုံသည် ပထမတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

ဤသို့ အသီးအသီး မှီဖြစ်သည်ဟု မှတ်ပါ။ ဤသို့စသည်ဖြင့် မနောဒွါရဝီထိတို့၌လည်း သဘောပေါက်သင့်ပေပြီ။

ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ စွမ်းအင်

ယေဘုယျအားဖြင့် ဤပဉ္စဒွါရဝီထိနှင့် ကာမဇော မနောဒွါရဝီထိတို့တွင် ဇောသည် (၇)ကြိမ် စောတတ်၍ တဒါရုံမှာ (၂)ကြိမ် ကျတတ်၏၊ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏၊ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ များ၏ နောင်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများသည် ဝီထိပေါင်းများစွာ ဖြစ်တတ်၏၊ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိဟု ခေါ်ဆို၍ ဒုတိယ မနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ကြကုန်သော မနောဒွါရဝီထိများကို သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ အချို့ဆရာမြတ်တို့ကား အားလုံးကိုပင် တဒနုဝတ္တကမနောဒွါရဝီထိဟုပင် ခေါ်ဝေါ်သုံးစွဲလိုကြ၏၊ ဤစာမူ၌ကား မနောဒွါရဝီထိဟုသာ ဇယားများတွင် ဖော်ပြထားပါသည်။

၁။ စက္ခုဒွါရ မနောဒွါရ၌ ရူပါရုံ ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ “ငါသည် ကုသိုလ်ကိုသာ ဖြစ်စေရမည်၊ သို့မဟုတ် ငါသည် အကုသိုလ်ကိုသာ ဖြစ်စေရမည်” – ဤသို့ စသော သတ်မှတ်ချက်များ[မှတ်စု ၇]နှင့် အညီ ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ သို့မဟုတ် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိများ ဖြစ်ပေါ်လာကြ၏၊ ယင်းစက္ခုဒွါရဝီထိ နာမ်တရားစုတို့ကား ရူပါရုံအရောင်မျှကိုသာ သိ၏၊ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် ထိုရူပါရုံကို မသိပေ။ အဘိနိပါတမတ္တ = အာရုံနှင့် ဒွါရ ရှေးရှူ ရင်ဆိုင်မိရုံသာ ဖြစ်သည်။ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများကား စောနိုင်၏၊ သို့သော် ထိုရူပါရုံကို ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် သိ၍ စောသည်ကား မဟုတ်ပေ။ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ (ရှေးယခင်က ကြိုတင်သတ်မှတ်ထားခြင်း စသော အကြောင်းတို့အပေါ် အခြေစိုက်၍) ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇော စောခြင်း ဖြစ်၏၊

၂။ ယင်းစက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိ တစ်ဝီထိကျ၏၊ တဒနုဝတ္တကမနောဒွါရဝီထိဟု ခေါ်ဆိုအသုံးပြု ထား၏၊ ယင်းမနောဒွါရဝီထိကား စက္ခုဒွါရဝီထိက အာရုံပြုခဲ့သော အတိတ်ရူပါရုံမျှကိုသာ အာရုံပြုနိုင်၏ သိနိုင်၏၊ စက္ခုဒွါရဝီထိနှင့် အလားတူပင် ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊ ဤဝီထိကို စက္ခုဒွါရဝီထိမှ ထောက်လျှင် ဒုတိယ (တဒနုဝတ္တက) မနောဒွါရဝီထိဟု ခေါ်ဆို၏၊ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊

၃။ ယင်း ဒုတိယမနောဒွါရဝီထိ၏ နောင်၌ တတိယမနောဒွါရ တစ်ဝီထိ ကျပြန်၏၊ တတိယ သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဆို၏၊ ယင်းမနောဒွါရဝီထိကား ယင်းအတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် သိ၏၊ ရှေး နှစ်ဝီထိတို့ကား အရောင်မျှကိုသာ သိ၏၊ ဤတတိယမနောဒွါရဝီထိသို့ ရောက်မှသာလျှင် ယင်းရူပါရုံ၏ အညို အဝါ အပြာ စသည့် ကွဲပြားသည့်အရောင်ကို သိ၏၊ ရှေးနှစ်ဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် ပိုင်းခြားနိုင်သော ဝီထိ ဖြစ်သည်။ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊

၄။ စတုတ္ထ သုဒ္ဓမနောဒွါရဝီထိ –– ယခင် သုံးဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး သင်္ကန်း ရွှေ ငွေ စသည်တည်းဟု သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ အတ္ထပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိတည်း။ ဤအဆင့်၌ ပညတ်ကို အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။ အကယ်၍ ပရမတ်ကိုသာ အာရုံယူနိုင်ပါမူကား ရူပါရုံ အရောင်မျှကိုသာ ဆက်လက် အာရုံယူနိုင်ပါမူကား တဒါရုံ ကျနိုင်ခွင့် ရှိ၏၊ ဤဝီထိ၌လည်း ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊

၅။ ပဉ္စမ သုဒ္ဓမနောဒွါရဝီထိ –– ဤပဉ္စမဝီထိသို့ ရောက်ပါမှ ယောက်ျားပဲ မိန်းမပဲ အိုးပဲ ပုဆိုးပဲ ရွှေပဲ ငွေပဲ စသည်ဖြင့် အတ္ထပညတ် တစ်ခုခုကို ကွဲကွဲပြားပြား သိ၏၊ ဤပဉ္စမဝီထိသို့ ရောက်ရှိပါမှ ယောနိသောမနသိကာရ ရှိပါက ကြည်ညိုခြင်း, အယောနိသောမနသိကာရ ဖြစ်ပါက တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏၊ ဤဝီထိ၌လည်း ပရမတ် အရောင်သက်သက်ကို စွမ်းနိုင်သော ဝိပဿနာကမ္မိကပုဂ္ဂိုလ်တို့သည် အာရုံပြုနိုင်ကြ၏၊ တဒါရုံ ကျခွင့်ရှိ၏၊ ပညတ်ကိုသာ အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။[မှတ်စု ၈]

ဤအကြောင်းတရားတို့ကြောင့် ကုသိုလ်ဇော စောရခြင်း ဖြစ်ပေသည်။[မှတ်စု ၉]

  1. တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋန-ဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
  2. တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋန-ဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
  3. အာပါထမာဂစ္ဆတိ မနသာ ပဉ္စဝိညာဏေဟိ စ ဂဟေတဗ္ဗဘာဝူပဂမနေန။ ဃဋ္ဋေတွာ ပဋိမုခဘာဝါပါထံ ဂန္တွာ။ (မူလဋီ၊၁၊၇၀၊၊)
  4. တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋန-ဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
  5. (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊၂-၃။)
  6. (ဝိသုဒ္ဓိ၊၂၊၂၄၉။)
  7. (စာမျက်နှာ၊၄၂၄- တွင် ဖော်ပြထားပါသည်။)
  8. ပဌမဇဝနေပိ။ ပ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ (မူလဋီ၊၂၊၁၈၁။)
    တတ္ထာယံ ပဝတ္တိက္ကမော၊ ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္င်္ဂံ ဩတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ ဩတရတိ။ ပုန တသ္မိံယေဝ ဒွါရေ ဣတ္ထိပုရိသောတိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ ဩတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ (အနုဋီ၊၁၊၂၀၀။)
    သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
    နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
    ပဌမံ သဒ္ဒံ သောတေန၊ တီတံ ဒုတိယစေတသာ။
    နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။ (သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ၊၂၊၃၉၈။)
  9. (အဘိ၊ဋ္ဌ၊၁၊၁၁၇။)