ရွှေမန်းတင်မောင်
ရွှေမန်းတင်မောင်
ရေးသူ — ဦးသော်ဇင်
မျက်နှာဖုံးပန်းချီ — ဦးဟယ်ရီအောင်
စာပေဗိမာန်ထုတ် ပြည်သူ့ လက်စွဲစာစဉ်
စာရေးသူအမှာ
ပြည်ထောင်စုမြန်မာနိုင်ငံ၏- သဘင့် ခေါင်းဆောင် အလင်္ကာ ကျော်စွာရွှေမန်း ဦးတင်မောင်၏ အကြောင်းအရာတစိတ်တဒေသ ကို ဤမျှ မြိုင်မြိုင် ဆိုင်ဆိုင် တင်ပြနိုင်သည်မှာ သဘင့် အကျိုး ဆောင် ဆန်းညွန့်ဦး- ဦးလှခင်နှင့် ဦးတင်မောင်၏ ရွှေမန်းသဘင် ပြန်ကြားရေး တာဝန်ခံ ဦးမြင့်သိန်း၏ စိတ်အားထက်သန်စွာ ကူ ညီမှုကြောင့် ဖြစ်သည်ကို ကျေးဇူးတင်စွာဖြင့် ဝန်ခံပါသည်။
သော်ဇင်
၇/၁၁၆- ရန်ကင်းမြို့။
ရွှေမန်းတင်မောင်
ရွှေက ရွှေမဖြစ်၊ မြေကြီးထဲက ရွှေထွက်သည်။
“အကြော်ဗျာ့ အကြော်”
“လာဦးဟေ့- အကြော်”
“လာပါပြီဗျ အကြော်”
“ဘာကြော်တွေ ပါလဲဟေ့”
“ပဲကြော်၊ ဘူးသီးကြော်၊ ရိုးမှားကြော်၊ ဇမ္ဗူပဒီရွက်ကြော်၊
အောင်ဗလကြော်”
“အမယ် အကြော်သယ်ကလေးက အသံ တယ်ကောင်းပါ
လား။ အပြင်းပြေ သီချင်း အဆိုခိုင်းရအောင်”
“ဘာသီချင်းဆိုရမလဲ မမ”
“မင်းဆိုတတ်တဲ့ သီချင်းကို ဆိုပေါ့ကွယ်”
“ဆိုတတ်တဲ့ သီချင်းတွေကတော့ အများသား၊ မမတို့ နား
ထောင်ချင်တဲ့ သီချင်းကို ဆိုမယ်လေ”
“ဒါဖြင့် ဟိုသီချင်းဆိုကွာ.... အောင်ပင်လယ် တောထဲက ရွှေ
ကျီးညို ဆိုတဲ့ သီချင်း၊ ဆိုတတ်တယ် မှုတ်လား”
ထိုစဉ် အခါက မန္တလေးမြို့ပေါ်တွင် မြခြေချင်း မငွေမြိုင် အငြိမ့်မှာ တော်တော် ခေတ်စားနေသည်။ သူ၏ လူကြိုက်များလှသော သီချင်း တပုဒ်မှာ နန်းတော်ရှေ့ ဆရာတင် ရေးသော “အောင်ပင်လယ် တောထဲက ရွှေကျီးညို” အစချီသော သီချင်းပင် ဖြစ်သည်။
အောင်ပင်လယ် တောထဲက ရွှေကျီးညို
ငွေမြိုင်လာယင် ဆီးလို့ကြို၊
သည်နေ့ညဖြင့် လာမယ်ဆို၊
ယုံရမှာလားအကို၊
ကျမနဲ့ နီးတဲ့ ရွှေကျီးညို၊
သာလိုက်ပါအုံးဆို၊
ရွှေကျီးညို၊ ရွှေကျီးညို။
မြခြေချင်းသည် ရွှေကျီးညိုကို မန္တလေးမှာ ဆိုသည်။ သို့ရာတွင် ထိုသီချင်းမှာ မြန်မာတနိုင်ငံလုံးကို လွှမ်းဖုံးသွားလေသည်။ လူတကာ၏ နှုတ်ဖျားတွင် ခေတ်စားနေသည်။ နေရာတကာမှာပင် ရွှေကျီးညို သာနေသည်ကို ကြားရသည်။
နွားကျောင်းသားများကလည်း နွားကျောင်းယင်း ရွှေကျီးညိုကို ဆိုသည်။ သူတို့၏ နွားမချော ကလေးကိုလည်း မြခြေချင်း ဟူ၍၎င်း၊ မငွေမြိုင် ဟူ၍၎င်း ကင်ပွန်းတပ်ကြလေသည်။ ကောက်စိုက်သူမကလည်း ကောက်စိုက်ယင်း၊ ထင်းခွေ ရေခပ်သူကလည်း ထင်းခွေ ရေခပ်ယင်း ဆိုကြသည်။ ကောလိပ် ကျောင်းသူကျောင်းသားတို့ကလည်း သီကြသည်။ သူတို့၏ ကောလိပ်ပျိုဖြူ လှမှန်ကူတို့ကို မငွေမြိုင်ဟု ဘွဲ့ပေးသည်။ သူတောင်းစားတို့ကလည်း ရွှေကျီးကိုပင် ဆို၍ တောင်းရာ၊ ဓမ္မကထိက ပုဂ္ဂိုလ်တို့ကလည်း ရွှေကျီးညို သီချင်းကို ပါဠိ စီပြီး တရားဟောကြသည်။ အကြော်သယ် ကလေးသည်လည်း ရွှေကျီးညိုဖြင့် စားသာနေ၏။ အသံကလည်း ကြည်လင် အောင်မြင်သည်။ ပြတ်သားပီသသည်။ အဆင်အပိုင်း
အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်
“တို့- ဟို ပုလိုင်းရပ်ထဲက သူငယ်လေးမှုတ်လား”
“အစစ်ပေါ့၊ ဦးပြား ဒေါ်မေရဲ့ သားလေ”
“သစ်တွေ ရောင်းတဲ့ ဦးပြားလား။ စားနိုင်သောက်နိုင် ရှိသားနဲ့ သားကလေးကို ဘာပြုလို့ အကြော်ရောင်းခိုင်းပါလိမ့်။ သနားစရာကွယ်။ ချစ်စရာလေးဟဲ့”
“သူ့အဖေကြီး ဆုံးပါပကောလို့၊ သူတို့မွေးချင်းပေါက်ဖော်တွေက အများသားပဲ။ ကြာတော့လဲ လုံးပါး-ပါးနေမှာပေါ့။ သူက အမြဲရောင်းတာမဟုတ်ဘူး ထင်တယ်။ တခါတလေမျ တွေ့ရတယ်။ နေ့တိုင်း လာပြီး ရောင်းတာက သူ့အမပေါ့။ ကြည့်ပါလား သူနဲ့ ခပ်ဆင်ဆင် တူတယ်”
အကြော်သည် မင်းသားကလေးကို ရွှေမန်းသူတို့က ဝေဖန်ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မည်တွင်နာမ ခေါ်စရာကား “မောင်တင်မောင်”ဖြစ်သတည်း။ မောင်တင်မောင် ရှစ်နှစ်သား အရွယ်ကပင် သူ့အဖေ သစ်ကုန်သည် ဦးပြား ကွယ်လွန်ခဲ့လေသည်။ အမေ မုဆိုးမကြီး ဒေါ်မေသည် သားသမီး ကိုးယောက်ကို လူလားမြောက်အောင် တာဝန်ယူ စောင့်ရှောက်နေရရှာသည်။ သားအငယ်ဆုံးကလေး တင်မောင်ကိုမူ မိုးကောင်းကျောင်းတိုက် တိုက်ကြပ်ကျောင်း ဦးနန္ဒဝံသ ထံမှာ ထားသည်။ တခါတရံ သူ့အမ မအားလပ်သောအခါ အကြော်ကူ၍ ရောင်းပေးသည်။
တင်မောင်ကို နေ့တိုင်း အကြော် ရောင်းခိုင်းပါလျှင် စားသာမည် ဖြစ်သော်လည်း အမေနှင့် အမများက မခိုင်းရက်ချေ။ သားကလေး၏ ပညာရေးအတွက် ကျောင်းမှာ ထားသည်။ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းများသည် တင်မောင်တို့လို လက်လုပ် လက်စား မိဘတို့မျ ပေါက်ဖွားသည့် ကလေးများအား ပညာသင်ပေးသည်။ အစားအစာကို ကျွေးသေးသည်။ တင်မောင်မျာ အကြော်ကို နာမည်ရအောင် ရောင်းတတ်သကဲ့သို့ပင် ကျောင်းသား အဖြစ်နှင့်လည်း နာမည်ရသည်။ သူ့ကို နာမည် ရအောင် ကူညီပေးသည်မှာ ချစ်စရာကောင်းသော ရုပ်ရည်နှင့် ကြည်လင် အောင်မြင်သော အသံပင် ဖြစ်သည်။
ကကြီး ခခွေးကို သီချင်းဖြစ်အောင် ဆိုတတ်သည်။ တစ်နှစ် သုံးလေးကို ဂီတသံပါအောင် သီတတ်သည်။ မင်္ဂလသုတ် ဂါထာများကို တက်သော အခါတွင်မူ နာမည်ကျော် ဓမ္မကထိကတဦး ဥဒါန်းကျူးနေသည်ဟု ထင်ရသည်။ သူသည် အက္ခရာ စာလုံးကလေးများကို စာလုံးအတိုင်း မမြင်ချေ။ ပတ်လုံးကလေးများ၊ စောင်းကြိုးကလေးများသဖွယ် ထင်သည်။ အလွန် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသော သဒ္ဒါကြီး သုတ်စဉ်၊ သရုပ်သဘော အချက်အလက်တို့ဖြင့် လေးနက်သော အဘိဓမ္မာ သင်္ဂြိုဟ်တို့ကို သူသာ ဆိုလျှင် ဝိုင်းပြီး နားထောင်ကြသည်။ ဆရာဘုန်းကြီးလည်း ကျိန်းစက်ရာမှ မှိန်း၍ နားထောင်သည်။
သုဂတံ သုဂတံ သေဋ္ဌံ၊
ကုသလံ ကုသလံ ဇဟံ၊
အမတံ အမတံ သန္တံ၊
အသမံ အသမံ ဒဒံ။
နမက္ကာရ ဘုရားရှိခိုးဂါထာများ ဖြစ်သည်။ ကျောင်းသားကိုရင်များသည် မသင်မနေရ သင်ခဏ်းစာ တရပ်အနေဖြင့် ရိုးရိုးပင် ကျက်မှတ်သွားကြသည်။ သူတို့အနေနှင့် ပါဠိဘာသာ ဂါထာတွေကို ကျက်ရ၊ မှတ်ရမည်ကို ဝန်လေးနေကြသည်။ ဆရာဘုန်းကြီးကို ကြောက်ရွံ့၍သာ ကျက်နေကြရသည်။ စိတ်ကမပါကြချေ။ တင်မောင်မှာ ဝန်မလေးရုံသာမက လွန်စွာ သဘောကျနေသည်။ အလုံးထပ်ကလေးတွေကို ထပ်တွန့် အနေနှင့် ဆိုရသည်ကိုပင် အရသာ တွေ့နေသည်။ အံ ကာရန် လေးတွေကို စမ်းကာ စမ်းကာ လိုက်၍ အမိဖမ်းသည်။ မထင်မရှား၊ မပြတ်မသားဆို၍ သွားရမည်ကိုပင် နှမြောနေသည်။ နာမည်ကျော် စောင်းဆရာကြီးသည် သူ၏ စောင်းကြိုးကို အချည်းနှီး မတို့လိုသကဲ့သို့ပင်တည်း။
“သူက စကုတိုက်က ဘုန်းကြီး ဦးကေသရရဲ့တူ၊ ပုလိုင်းမယ်ငွေရဲ့ တူဘဲ၊ အဆိုကောင်းမှာပေါ့” ဟု ဦးပဉ္ဇင်းကြီးတို့က ဝေဖန်ကြသည်။
ဦးကေသရမှာ စကုတိုက်တွင် နေသော နာမည်ရ စာချ၊ ဓမ္မကထိက ပုဂ္ဂိုလ်ဖြစ်၍ တင်မောင်၏ဘကြီး တော်သည်။ ပုလိုင်းမယ်ငွေမှာ ရုပ်သေးမင်းသမီး ဦးငွေဖြစ်သည်။ မန္တလေးမြို့ ပုလိုင်းရပ်တွင် နေသည်ကို အစွဲပြု၍ ပုလိုင်းမယ်ငွေဟု ခေါ်တွင်စေခြင်း ဖြစ်သည်။ ကလောင်အမည်ကဲ့သို့သော ရုပ်သေးအမည်ပင်တည်း။
ပုလိုင်းမယ်ငွေသည် တင်မောင့်အမေ ဒေါ်မေ၏ မောင်ကြီးဖြစ်၍ တင်မောင်၏ ဦးရီး ဖြစ်သည်။ သို့ကြောင့် သူ့ အကြောင်းကို သိသော ဦးပဉ္ဇင်းများက “ကြက်မှာအရိုး၊ လူမှအမျိုး”ဟု ဆိုရိုးစကားအတိုင်း အမျိုးနှင့် ဆက်စပ်၍ သူ၏ အသံနှင့် ဟန်အမူအရာကို ဆုံးဖြတ်ကြခြင်း ဖြစ်သည်။
ကျောင်းနေဖက်များက တင်မောင်ကို အလုပ် မလုပ်ချင်သော လူပျင်းဟု ထင်ကြသည်။ မြက်ပေါက်၊ အမှိုက်ကြုံး အစရှိသော အလုပ်များကို အပင်ပမ်းခံ၍ မလုပ်သောကြောင့်ပင် ဖြစ်သည်။ တင်မောင်ကမူ မိမိကိုယ်ကို လူပျင်းလူပေါ့ဟု မထင်ချေ။ အလုပ်ဆိုသည်မှာ ရေခပ်၊ မြက်ပေါက်ခြင်းသာ မဟုတ်။ စာတက် စာအံ စာပြန်ခြင်း၊ သဘာဝကို ဉာဏ်မှီသရွေ့ လေ့လာခြင်း၊ စဉ်းစားတွေးတောနေခြင်းသည်လည်း အလုပ်ပင် ဖြစ်သည်ဟု ယူဆသည်။ အကယ်၍ သူတို့သည် အတွေးအခေါ် အမြော်အမြင် တို့ကိုလည်း အလုပ်ဟု ဝန်ခံပါလျှင် မိမိသည် သူတို့ထက်ပို၍ အလုပ်လုပ်သူဟု မရဲတရဲနှင့် ဆိုချင်လေသည်။ သူကား အငေးသမား အတွေးသမား။
ငါးစုံ သံလွင်၊ ပဉ္စင်တူရိယ၊
ခွက်ခွင်း စသည်၊ တီးကြ နောင်းနောင်း၊
ကြေးနင်း မောင်းလည်း၊ ညောင်းညောင်း ညုန်းညုန်း၊
မိုးနှယ် အုန်း၍၊ ချုန်းချုန်း ကျည်ကျည်၊
ခြိမ့်မျှမည်က........
တင်မောင်သည် စာပေဝါသနာပါသော ဦးပဉ္ဇင်း တပါးထံမှ
ဇမ္ဗုသပြေပင်ကို လေလာ၍ ခတ်သည့်အသံ၊
အခက်အရွက်ချင်း ထိခိုက်သည့်အသံ၊
ဇမ္ဗုသပြေသီး ရေသို့ ကျသည့်အသံ၊
ရေမှ ပေါ်သည့် အသံတို့သည် မရှေးမနှောင်း ဖြစ်ကြ၍ သာယာနာပျော်ဘွယ် ရှိလေသည်များကို နှုန်းစံနှိုင်ရှည့်၍- တံရှည်, တံမြွာ, သပြေသာ, ခရာ, လင်းကွင်း များမှာ လေလာ၍ ပင်စည် အကိုင်းအခက်တို့ကို လေခိုက်သည့် အဟုန်၏ အသံ-
တံပိုး, ဒုံမင်း,မှာ အကိုင်းအခွ အကွေးအဝိုက်တို့ကို လေခတ်၍ မြည်သည့်အသံ-
ခရုသင်းမှာ မပြင်းမပြသော လေညှင်း လေညံ့၏ အသံ-
နှဲကြီး၊ နှဲငယ်များမှာ လေပြင်း လေဟုန်တွင် အခက်အရွက် တစုတအုပ်တည်း ပြီပြိုင်သဖြင့် မပြင်းမညံ့ မြည်သည့်အသံ-
မြှောက်စည်မှာ ဇမ္ဗုသပြေသီးတို့သည် ရှေ့နောက် မရှေးမနှောင်း ကြွေကျသည့်အသံ-
စည်ဝန်းမှာ ဇမ္ဗုသပြေသီးတို့သည် အများအပြား တပြိုင်နက် ရေသို့ကျသည့်အသံ-
စည်ပြောမှာ ဇမ္ဗုသပြေသီး ရေမှ ပေါ်သည့်အသံ-
များကို သဒ္ဒသဏ္ဌာန်ပြု၍ တီးမှုတ်ဆောင်ရွက်ကြလေသည်။
တင်မောင်သည် စာအုပ်ကိုချကာ ဦးပဉ္စင်းကို ဦးချလေသည်။ ဤ ဦးချခြင်းမှာ ဘုန်းကြီး ဖြစ်သည့်အတွက် ချရိုးချစဉ်ချသော ဦးချခြင်းမျိုး မဟုတ်ချေ။ သူ သိချင်လှသော သဘောတရားကို ညွှန်ပြ၍ ကျေးဇူးတင် ဝမ်းသာစွာနှင့် ရှိခိုးလိုက်ခြင်း ဖြစ်လေသည်။ ဤတွင် သူသိချင်နေသော အချက်မှာ အဝိညာဏက ဘဘာဝမှ တူရိယာများ ဆင်းသက်လာသည့် အချက်ပင် ဖြစ်သည်။ သို့ကြောင့် တူရိယာတို့၏ မည်သံသည် သဘာဝ၏ အသံဆန်လေက သာ၍ ကောင်းပေမည်ဟု မသိမသာ တွေးကြည့်သည်။ သို့ကြောင့် မိုးလေသဲသော အခါမျိုးတွင် တင်မောင်သည် မြူးလာလျက် သီချင်းကိုသော်လည်း ကျူးတတ်သည်။ ထ၍သော်လည်း ကတတ်သည်။ မိုးသံလေသံသည် သူ့အတွက် သဘာဝ တူရိယာဂီတသံပင် ဖြစ်သသည်။
တင်မောင်သည် ဆယ်နှစ်သား အရွယ်တွင် ရှင်သာမဏေပြုသည်။ သူ၏ ငယ်ဆရာ ဦးနန္ဒဝံသက သင်္ကန်းဝတ်နှင့် မြဲပြီး စာချပုဂ္ဂိုလ်ဓမ္မကထိက ပုဂ္ဂိုလ်ဖြစ်စေလိုသည်။ သူ၏ ဉာဏ်စွမ်း
တန်ဆောင်မုန်းလ ကထိန်ပွဲကျင်းပသောနေ့ တနေ့ဖြစ်လေသည်။ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကထိန်ခင်းရာ၌ မန္တလေးမြို့ သည် အကြီးအကျယ်ဆုံးဖြစ်သည်။ကထိန် မခင်းသော ကျောင်းတိုက်မရှိသကဲ့သို့ ပင် ကထိန်ပွဲမခံသော ရပ်ကွက်လည်း မရှိချေ။ ရပ်ကွက်တို့သည် ကထိန်ပွဲဖြင့် အချင်းချင်း အခိုင် ပြိုင်ဆိုင်နေကြသည်။ ရပ်ကွက်များသို့ လှည့်လည် ကြည့်ရှုပါက လမ်းပေါ်တွင် တခမ်းတနား ပြင်ဆင်ထားသော ပဒေသာပင်များကို တွေ့ရမည်ဖြစ်လေသည်။
ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရုပ်သေးပွဲ သို့မဟုတ် အရပ်ပွဲတခုခု ပါဝင်တတ်သည်။
ထိုနှစ် စကုတိုက် ကထိန်ပွဲတွင် စက်မြင်းယိမ်း ပါဝင်သည်။ စက်မြင်းယိမ်းကို စီစဉ်သူမှာ တင်မောင်၏ဘကြီး ဦးကေသရဖြစ်သည်။ ဘုန်းကြီး ဦးကေသရက အကြံဥာဏ်ပေးသည်။ စာရေးဆရာ ဦးထွန်းရက သင်ကြားပြသပေးသည်။ဘုန်းကြီး ဦးကေသရကား ဘာကိုဘဲလုပ်လုပ် တိကျပြတ်သားစွာနှင့် အပြီးသတ်ရောက်အောင်လုပ်တတ်သည်။ စာပေကိုသင်ကြားလျှင်လည်း ဓမ္မာစရိ
စကု ကထိန်ပွဲတွင် သူ၏ စက်ရင်းယိမ်း ကနေသည်။ တင်မောင်မှာ မဏ္ဍပ်တိုင်ကို ဖက်ကာ ငေးမော စူးစိုက်ကြည့်ရှုနေသည်။ ကချင်လွန်းလို့ သွားရည်ကျနေခြင်းဖြစ်သည်။ ကချင်ရက် စက်စက်ယိုဖြစ်နေသော တင်မောင်၏ အသွင်ကို တွေ့မြင်ရသောအခါ အကင်းပါးလှသော ဦးကေသရက လှမ်း၍ ခေါ်သည်။
“မင်း ယိမ်းထဲဝင်မလား”
“တင်ပါ့ဘုရား ၊ကပါမယ်”
ဟန်ဆောင်၍ပင် မနေနိုင်ရှာပေ။ အမေး မဆုံးမီကပင် အဖြေပေးလိုက်လေသည်။ စက်မြင်းယိမ်းတွင် တင်မောင်မှာ ခေါင်း ဆောင်တယောက် မဟုတ်သေးချေ။ ယခုမှ ဝင်ခါစ အသစ်စက်စက်သာဖြစ်သည်။ သို့ရာတွင် ပွဲကြည့်ပရိသတ်ကမူ သူ့ကို ယိမ်းခေါင်းဆောင်ဟု ထင်နေကြ၏။ သူ၏ တခဏမျှဖြစ်သော အမှတ်အသားသည် ရက်ရှည်လများ လေ့လာသင်ကြားထားသူတို့ထက်သာနေသည်။ ထိုနေ့မှစ၍ ဦးကေသရသည် တင်မောင်အား စာရေးဆရာ ဦးထွန်းရထံ အပ်နှံပြီး ယိမ်းတတ်ပညာကို သင်ကြားစေလေသည်။
X
စက်မြင်းယိမ်းကို လိုက်၍လုပ်သူ များလာသောအခါ ဦးကေသရသည် သူ၏ယိမ်းကို ပယ်ဖျက်လိုက်ပြီး တင်မောင်ကိုမူ စိန်ပါတူ၏ ဆိုင်းတွင် ဆိုင်းမင်းသားအဖြစ် ကစေခဲ့၏။ တင်မောင်ကို ဆိုင်းမင်းသား အလုပ်ခိုင်း သည်မှာ ထူးထူးဆန်းဆန်း လုပ်စေခြင်းလည်းဖြစ်သည်။ဆိုင်းပညာကို ရအောင်လည်း ဖြစ်သည်။ သဘင်ဖက်သို့လိုက်လျှင် ဆိုင်းပညာမှာ လွန်စွာ အရေးပါသော အခြေခံပညာ တရပ် ဖြစ်သည်။ ထိုပညာကို ရစေရန်အတွက် ဖြစ်သည်။
ဦးကေသရမှာ လွန်စွာ အမြော်အမြင်ကြီးသည်။မြန်မာနိုင်ငံ၏ ဆိုင်းလောကမှာ စိန်ဗေဒါသည် ဘုရားတဆူ ဂူတလုံးကဲ့သို့ ဖြစ်နေသည်။ သို့ပါလျက် တင်မောင်ကို စိန်ဗေဒါ၏ ဆိုင်းမှာမထည့်ဘဲစိန်ပါတူ၏ ဆိုင်းမှာ ထည့်ခဲ့၏။ အကြောင်းမှာ တင်မောင်လို
စိန်ပါတူလည်း အကျိုးရှိခဲ့သည်။ဆိုင်းမင်းသားကလေး တင်မောင်ကြောင့် စိန်ဗေဒါ၏ နောက် ဒုတိယ လိုက်နိုင်ခဲ့လေသည်။ တင်မောင်၏ အဖို့မှာလည်း ဆိုင်းနှင့် ပတ်သက်သော သိမှတ်စရာပညာတို့ကို ရရှိ၍ များစွာ အကျိုးရှိခဲ့သည်။ ပုလိုင်းမယ်ငွေအမည်ခံ ဦးငွေကလည်း သူ၏ရုပ်သေး မန္တလေးမြို့အနီးတဝိုက်တွင်ကပြ ရသောအခါ တင်မောင်ကို ခေါ်သွားသည်။ တင်မောင်ကလည်း ရုပ်သေးကို လွန်စွာကြိုက်သည်။
ပါတော်မူပြီး နောက်ပိုင်းတွင် သဘင်လောက၌ ရုပ်သေးမှာ လွန်စွာမှိန်မှေး အရှိန်သေးနေသည်။ “အပြောကို ဖူးညို၊ အဆို ကိုပု” ဟု စံပြုခံရသော အကျော်အမော်တို့ပင် ပြတ်တလှည့် ငတ်တခါဖြစ်နေကြသည်။ လူတွေက ရုပ်သေးကို အထင်သေးကြသော်လည်း တင်မောင်က အထင်မသေးချေ။ ဇာတ်သဘင်ကြီးတွေထက်ပင် ပို၍ အထင်ကြီးသေးသည်။ သဘင်ပညာ အစစ်မှာ ရုပ်သေးသာဖြစ်သည်ဟု ယူဆသည်။ သူတို့သည် နှစ်တောင့်ထွာသာသာမျှရှိသော ဝါးကြမ်းပြင် ကကျိုးကကျဲကလေးကို စိန်ကြီးမြိုင်ကြီး ရိပ်ကြီး တောတောင် ဖြစ်အောင်လည်း လုပ်နိုင်၏။ သီတာ ခုနစ်တန်၊ သတ္တရဘန် နေရု၊ မေရု ဗဟို၊ မြင့်မို ပဗ္ဗတ ပြိုင်စံ၍ မရအောင်လည်း ဖန်တီးနိုင်ကြသည်။တိုင်းအတည်တည်၊
မြခြေချင်း ဒေါ်ငွေမြိုင်နှင့်
မင်္ဂလာရယ်မှ မဏ္ဍိုင်လေ၊
ရောင်ဆိုင်ငယ်မှ လေးလီ၊
သာမောငယ်စည်၊ နတ်ပြည်ထိလု၊
ပျော်ဖွယ်ကောင်း နတ်ပေါင်းစု၏။
မေရုဗဟို မြင့်မိုထိပ်ပန်၊
ဝေဇယန္တာက သူဇာ၊ နန္ဒ၊
စိတြနှင့် စိတ္တဓမ္မာ၊
ကြင်ယာအများ မိဖုရားပေါင်း၊
ထက်ဖျားငယ်စံ၊ ငန်းရံခ၏။
နတ်များအမှူး၊ လူတို့ပြည်တွင်၊
ပျော်ရွှင်မြူးမည်၊ လာသည်တကား၊
မင်္ဂလာစံခင်း၊ ဂုဏ်ရောင် လင်းပါတဲ့၊
မင်းအများတို့…………… ။
သဘင်ပညာ၏ အစမှာ နတ်သံကပင်ဖြစ်သည်။ နတ်သံကို ဌာန်ကရိုဏ်းကျအောင် မဆိုတတ်ပါက သဘင်ပညာသည်ကောင်း တယောက်ဖြစ်နိုင်ရန် လမ်းမရှိချေ။ သို့ကြောင့်ပင် “သဘင်အစ နတ်သံက” ဟု ဥဒါန်းပြုထားခြင်းဖြစ်သည်။ ဦးငွေသည် တင်မောင်ကို နတ်သံကစ၍ သင်ပေးသည်။ တင်မောင်၏ အသံမှာ
ရုပ်သေးတွင် နတ်ကတော်မှာ လွန်စွာ အရေးကြီးသည်။ ပွဲစလျင်စခြင်း နတ်ကတော်(ဝါ)အပျိုတော်သည် ရွှေပွဲလာတို့ကို နတ်သံဖြင့် စတင် နှုတ်ခွန်း ဆက်လေသည်။ သိကြားနတ်သံကို မင်းသားက ဆိုရသည်။ မြို့တော်ရှင် ရွာတော်ရှင် နတ်သံကို မင်းသမီးက ဆိုရသည်။ဤစင်တွင် မင်းသားအသံက ဘယ်သို့၊ မင်းသမီးအသံက ဘယ်ပုံရှိသည်ကို ရွှေပွဲလာတို့က နတ်သံနှင့် အကဲဖြတ်ကြသည်။ နတ်သံအဆိုကောင်းလျှင် ဤပွဲကား ကောင်းလေပြီဟု စိတ်နှလုံး ဒုံးဒုံးချကာ အေးအေးလူလူ ကွမ်းစား ဆေးသောက်ဖြင့် စောင့်မျှော်နေကြလေသည်။
ပုလိုင်းမယ်ငွေ၏ စင်မှာ တင်မောင်သည် မင်းသားစစ်မဟုတ်ချေ။ မင်းသားတို့အတတ်ကို သင်ကြားနေသော စာသင်သားမျှ သာဖြစ်သည်။ သူ၏ပါရမီကံမှာ ဘယ်ကဲ့သို့ ဖန်လေသည်မသိ၊ ရောက်ရာဌာနတွင် ပကာသနက ရှေ့ဆောင်နေသည်။ နတ်သံမှာ ဟစ်၍ဆိုရသည်က များသည်။တင်မောင်၏ အသံတွင် အကောင်းဆုံးသော အပိုင်းမှာလည်း ငေါက်သယောင်နှင့် ဟစ်လိုက်ခြင်းပင်ဖြစ်သည်။ တခါကြားလျှင် တသက် စွဲသွားသော အသံမျိုးပင်ဖြစ်သည်။
ဤသတင်းမှာ ပွဲခင်းထဲသို့ မပို့ဘဲနှင့် ရောက်သွားသည်။ အသံသာကောင်းတာမဟုတ်ဘူး။ ရုပ်ကလဲချစ်စရာကလေးဟု မြင်ဘူး သူတို့က အသားယူကြသည်။
ရွှေပွဲလာတို့သည် သူ၏ အသံကို ကြားရရုံမျှဖြင့် မကျေနပ်ကြချေ။အပြင်သို့ ထုတ်ပြီးပြရန် တောင်းဆိုကြသဖြင့် ပုလိုင်းမယ်ငွေမှာ မနေသာဘဲ တင်မောင်ကို အပြင်သို့ ထုတ်ကာ ပေးလိုက်ရသည်။ ရုပ်သေးတွင် အရုပ်သာ ပြင်သို့ထွက်ရသည်။ အရုပ်ကို အသက်သွင်းသော ကြိုးဆွဲများ အဆိုသမားများမှာ လက်တန်းနောက်က နေကြရသည်။ သို့ရာတွင် ဦးငွေမှာ ပွဲကြည့် ပရိသတ်တို့၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် ထုတ်ပေးလိုက်ရသည်။
သူတို့သည် လူကိုမြင်ရပြန်တော့လည်း အသံကိုကြားလိုပြန်သည်။ သည်နေရာကပင် ထင်ထင်ရှားရှားဆိုပြရန် တောင်းဆိုကြပြန်သည်။ သူတို့အလိုကျ ဆိုပြပြန်တော့လည်း တဆင့်ကမ်းတက်လာပြန်သည်။ စင်ပေါ်က လူကိုယ်တိုင် ကပြရန်ပင် ဖြစ်သည်။ ထိုနောက်မှာမူ ပုလိုင်းမယ်ငွေ၏ရုပ်သေးကို သွင်းလျင် ရုပ်သေးမင်းသားကလေး မောင်တင်မောင် ကဖို့ ရုပ်သေးစင်ကို ကျယ်ကျယ်ဆောက်ထားနှင့်ကြလေသည်။ တင်မောင်သည် မင်းသမီး မင်းသား နှစ်ပါးမသွားမိ တပင်တိုင် ဆီးသီးကောက် မင်းသားအဖြစ်နှင့် လူကိုယ်တိုင်ထွက်၍ ကရလေသည်။
“လေးပါးရှိတယ်လေ၊ မင်း မကြားဘူးဘူးလား၊ သုဇာတာ၊ သုနန္ဒာ၊ သုစိတ္တာ၊ သုဓမ္မာရယ်လို့ မိဖုရား လေးပါးရှိတယ်”
“နတ်သံထဲမှာ (သူဇာ နန္ဒ၊ စိတြနှင့် စိတ္တ-ဓမ္မာလို့ ပါနေလို့ ကျွန်တော်က ငါးယောက်များလားလို့ပါ”
“အေးဟုတ်သားဟဲ့။ သူဇာရယ်၊ နန္ဒာရယ်၊ စိတြရယ်၊စိတ္တာရယ်၊ ဓမ္မာရယ်လို့ ငါးဦး ဖြစ်နေပါလား။ မဟုတ်သေးပါဘူး။ ပြန်ဆိုစမ်းပါအုံး။ အေးဟဲ့ ငါးပါးဖြစ်နေတယ်။ ယော မဖြစ်ချေဘူး။ အင်း....အင်း။ ဟုတ်ပြီဟေ့... စိတြနှင့် စိတ္တကတော့ အတူတူ ဖြစ်လိမ့်မယ်။ ဘုန်းကြီးကို လျှောက်ကြည့်ပေတော့ကွာ……။ ဦးကြီးတော့ သေသေချာချာ မဆုံးဖြတ်နိုင်ဘူးဟေ့...”
ဦးငွေသည် လွန်စွာ အမေးအမြန်းထူသော တင်မောင်ကို ပြုံးပြုံးကြီးနှင့် စိုက်ကြည့်ပြီး လွန်စွာ ကျေနပ်လှသဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လေသည်။ တင်မောင်၏ ပညာသင်ကြားနည်းမှာ “သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ” ပင်ဖြစ်သည်။ ကြားနာသည်။ ကြံစည်သည်။ မေးမြန်းသည်။ ပြောဆိုသည်။ စူးစမ်းဆင်ခြင်သည်။ ရေးသားသည်။ လေ့ကျင့်သည်။ နှုတ်ငုံဆောင်သည်။ တင်မောင်သည် ခြေခြေမြစ်မြစ် စစ်စစ်ဆေးဆေးမရှိဘဲ ဘယ်စာ ဘယ်သီချင်းကိုမျှ လက်မခံချေ။ ပိုင်မှ ကိုင်သည်။ ကိုင်လျှင် နိုင်မှကျေနပ်သည်။
“အပျိုတော် ၁၂- ခန်းဆိုတာကော ဘကြီး”
“ငါ့တူ သိချင်ယင် လက်ချိုးပြီးမှတ်ထား။ တစ်-အပျိုတော်
“ဒါဖြင့် ဇာတ်သဘင်တွေမှာ သည်အပျိုတော် ၁၂-ခန်းကို စုံအောင် မပြနိုင်၊ မကနိုင်ဘူးပေါ့”
“ဖြစ်နိုင်ပါတယ်။ ရုပ်သေးမှာလိုတော့ မြင်းဆို မြင်းရုပ်၊ ဘီလူးဆို ဘီလူးရုပ် ထွက်မကနိုင်ဘူးပေါ့။ လူကဘဲ သည်အရုပ်တွေရဲ့သဘောကို ယူပြီး ကကြရတယ်။ သည် ၁၂- မျိုးကို အပျိုတော် တယောက်ကဘဲ တာဝန်ယူပြီး စုံအောင်ကရလို့ အပျိုတော် ၁၂-ခန်းလို့ခေါ်တာဘဲ”
တင်မောင်က ဆက်၍ ကူးသည်။ အပျိုတော် ၁၂ ခန်းဟူသည် ရှေးအခါက ဇာတ်ထုပ်များတွင် ပါဝင်တတ်သော အရုပ်များကို ပွဲဦးကပင် ထုတ်၍ ပြခြင်းပင်ဖြစ်သည်။ နောက်ပိုင်းဇာတ်ထုပ်ဖော်သောအခါ ကိုယ့်အကွက်နှင့်ကိုယ် တာဝန် ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယခုအခါ ခေတ်ကြီးမှာ တိုးတက်ပြောင်းလဲနေပေရာ အပျိုတော် အခန်းများလည်း တိုးတက်များပြားလာနိုင်မည်လား မသိဟု ရွံ့ရွံ့နှင့် ကွန့်လိုက်လေသည်။ မှန်ပေသည်။ အပျိုတော် ၁၂ ခန်းဆိုသည်တို့မှာ စင်စစ် ဇာတ်ထုပ်တို့တွင် ပါဝင်တတ်သော အရုပ်များပင် ဖြစ်သည်။
နုနယ်သစ်လွင် လတ်ဆတ်သော တင်မောင်၏ အသိဉာဏ်က
“အလိုလေး ဘုရား ဘုရား၊ မြတ်စွာဘုရား၊ တလောကလုံးမှာရှိတဲ့ မြင်သမျှ ကြားသမျှတွေဟာ ငါ့ဆရာတွေပါလား” ဟုရင် သတ်ရှုမော အံ့ဩစွာ သိမြင်လာခဲ့သည်။ ကျူးရင့်ခဲ့ သည်။ တင်မောင်ကား ရုပ်သေး၏ သဘာဝပညာတွင် နစ်မြုပ်နေသည်။ ရှေးလူကြီးများသည် (ဝါ) ပညာရှင်ကြီးများသည် သဘာဝကို ပုံတူကူး၍ ပြခဲ့ကြသည်။ အချို့သော ပုံတူများသည် ဟိုခေတ်က သဘာဝဖြစ်၍ သည်ခေတ်နှင့် ဆီလျော်ချင်မှ ဆီလျော်မည်။ဩကာသလောကကြီး၏ အလိုက်သင့်ပင် သတ္တလောကကြီးကလည်း ပြောင်းလဲနေသည်။သို့ကြောင့် မျက်မှောက်သတ္တလောကကြီးအတွက် မျက်မှောက် ဩကာသလောကမှ ပုံတူသစ်များကို ထပ်မံ ကူးသင့်ပြီဟု မသိမသာ ကြံတွေးခဲ့သည်။
“သည်ခေတ်ဟာ ရုပ်သေးခေတ် မဟုတ်ဘူး။ ဇာတ်သဘင်ခေတ်။ ကောင်ကလေးကို ဇာတ်ပညာကို ကျကျနန သင်ပေးဖို့ တော်ပြီ။ ရုပ်သေးထဲကိုချည်း လိုက်စေလို့မဖြစ်ဘူး”
ဘုန်းကြီး ဦးကေသရက တင်မောင်၏ အမေကို ဩဝါဒပေး
X X X X
“ကောင်ကလေးကို ပညာဆက်သင်ပေးရ မကောင်းဘူးလား မောင်ပဉ္စင်းရယ်”
နှမဖြစ်သူ ဒေါ်မေက ရွံ့ရွံ့နှင့်အထွန့်တက်သည်။
“ပညာဆိုတာဘာလဲ”
“အရွယ်ကလဲ ရှိတုန်းမို့ စာသင်ပေးရယင် ကောင်းမလားလို့ပါ။ စာတတ်တော့……”
“ဆိုစမ်းပါအုန်း၊ စာတတ်တော့ ဘာဖြစ်မလဲ”
ဒေါ်မေ ရှေ့သို့ မဆက်ဝံ့တော့ချေ။ ဘုန်းကြီးကပင်ဆက်၍ ရှင်းပြသည်။
“ပညာဆိုတာ စာပေတခုတည်းရဲ့ နာမယ်မဟုတ်ဘူး။ အဋ္ဌာ
“တပဲ့တော်မက စာတတ်ယင် ပိုကောင်းမလားလို့”
“သည်မှာ မယ်မေ၊ ငါပြောမယ်။ သူ့ရုပ်က ဆရာတော်ကြီး ဖြစ်မဲ့ရုပ်မျိုးဆိုယင် နင့်သား ပထမကျော်အောင်ဖို့၊ သကျသီဟ ဓမ္မာစရိယဖြစ်ဖို့ ငါတာဝန်ယူတယ်။ နင့်သားရုပ်ကို သေသေချာချာလဲကြည့်ကြပါအုံး။ ဆရာတော်ရုပ် မဟုတ်ဘူး။ ဘုန်းကြီးရုပ်မဟုတ်ဘူး။ မင်းသားရုပ်ဟ၊ မင်းသားရုပ်။ မင်းသားဖြစ်မဲ့ကောင်ကို ဘုန်းကြီးလုပ်ခိုင်းတဲ့ အမှားမျိုး ဘယ်မှာ ရှိအုံးမလဲ မယ်မေ”
“အင်္ဂလိပ်စာ သင်ပေးယင်ကော”
“ခက်လိုက်ပါဘိ မယ်မေရယ်၊ နင်က နာရဏီရွှေကို ကုလားရွှေဖြစ်အောင် လုပ်ပလို့လား။ ဗမာနိုင်ငံမှာ ဘီအေမင်းသားမရှိသေးဘူး။ တကယ်လို့ နင့်သားသာ ဘီအေမင်းသား ဖြစ်မယ်ဆိုယင် ငါလောက်ကျေနပ်မဲ့လူ ဒီဇမ္ဗူမှာ မရှိဘူးလို့ထင်တယ်။ နင်ကျေနပ်မှာက နင့်သားအတွက်ဘဲ ဖြစ်မယ်။ ငါက ဗမာတမျိုးလုံးအတွက် ဂုဏ်ယူမိမှာဘဲ၊ ဒါပေမယ့် မယ်မေရယ်… အင်္ဂလိပ်စာနဲ့ တို့သဘင်ပညာဟာ ဘာမှ မဆိုင်ဘူး။ ပြဒါးတလမ်း၊ သံတလမ်းဟဲ့။ အင်္ဂလိပ်စာကို တတ်မဲ့အစား ပါဠိနှင့် ဗမာစာကို တတ်
တင်မောင်၏ အမေနှင့် အမတို့မှာ ဘုန်းကြီး၏ ဩဝါဒကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ ဘာမျှ ဆက်လက်၍ အထွန့်မတက်ဝံ့ကြချေ။ သူတို့သည် ဦးကေသရကို ဘုန်းကြီးအဖြစ်နှင့်လည်း ရိုသေကိုင်းရှိုင်းသည်။ ဆွေမျိုးသားချင်း အနေဖြင့်လည်း လေးလေးစားစား အားထားသည်။တနည်းအားဖြင့်လည်း အထက်သူ အထက်သားတို့သည် ရဟန်းသင်္ဃာများကို လွန်စွာကိုးစားကြသည်။ သို့ဖြင့် တင်မောင်သည် ဘကြီး ဦးကေသရ၏ အစီအမံအတိုင်း မြခြေချင်းဒေါ်ငွေမြိုင်၏ သဘင်တက္ကသိုလ်တွင် မိုးခိုနေရလေတော့သည်။
ရန်ကုန်မြို့မှ မောင်တင်သည် မန္တလေးသို့ ရောက်သော် နန်းတော်ရှေ့ ဆရာတင် ဟူသော အမည်ဖြင့် နာမည်ကြီးနေသည်။ ထို့အတူပင် ရန်ကုန်သူ မငွေမြိုင်သည်လည်း မြခြေချင်းဟူသော ဂုဏ်သတင်းဖြင့် ပျံ့သင်း နေလေသည်။ အငြိမ့်သဘင် တခု၏ ကျော်စောခြင်းမှာ အဆိုအက ကောင်းခြင်း အပြင် လှပ ကျော့ရှင်းခြင်းနှင့် အသက် အရွယ် နုနယ် ပျိုမျစ်ခြင်းလည်း ရှိရလေသည်။ မငွေမြိုင် ရှေးအခါက ဤလက္ခဏာ အလုံးစုံနှင့် အကုန် ပြည့်စုံခဲ့သည်။ ယခု အရွယ်ကလေးက နဲနဲ ထောင့်လာသဖြင့် မငွေမြိုင်အစား ဒေါ်ငွေမြိုင် ဖြစ်လာသည်။ ဒေါ်ငွေမြိုင် အဖြစ်နှင့် အငြိမ့်မှာ မစွန်တော့သဖြင့် တမျိုးတဖုံ စီစဉ်ရေလေသည်။
ငယ်စဉ်က တင်မောင်
ဒေါ်ငွေမြိုင်သည် သူ၏ အငြိမ့်တပိုင်း ဇာတ်တပိုင်းသဘင်ကို လက်တွေ့သဘင်အတတ်သင်ပြုလုပ်ပြီး မင်းသားမင်းသမီးအတတ်သင်များကို စုဆောင်းသည်။ “အကြင် သူသည် သဘင်အတတ်ကို ကောင်းမွန်စွာ သင်ယူလိုငြားအံ့။ ထိုသူသည် ဤဇာတ်သဘင်တွင် သုံးနှစ်တိုင်မျှ ကပြ သင်ယူရမည် ဖြစ်သတည်း။”
တွေးလေ…တွေးလေ၊ ဆွေးမပြေနိုင်ဘဲ၊ ငါ့သား အမေနဲ့ ခွဲပေအုံးတော့ တဲ့။ နောက်ဆုံး ကန်တော့၍ ထုံးစံနစ်အခြေမှာ သဘင်၊ သုံးနှစ် စေရာတွင်၊ အမေမြိုင် တယောက်ကို နေနိုင်သလောက်တော့ လုပ်ကျွေးခဲ့တဲ့ ငတင်။
ကျွန်တော့်မှာလေ အမျိုးနှင့် ခင်ဗျာ၊ အမနှင့် ခင်ဗျ၊ အစစ ညီသား အကိုတွေပင်၊ အမြင့်ရောက်ဖို့ အမြဲ ဇွတ် ယခုဝင်၊ ၎င်းတို့ကိုလဲ ဝတ်ပြုချင်။
သို့သော် အမေမြိုင် အပါးမှာ၊ နေရစ်ရှာတဲ့ ခင်ကြည်
လူတကာမေး၊ ကြူနံ့သာမွှေး၊ တူမပေးဒေါ်မြိုင်သခင်။
လောကီ ဘုံဘဝ၊ ကြုံရလေတယ်၊ ရွှေမန်းမောင်တင်၊ သမီးရှင် အမေများ၊ အဒေါ်များ ဟူသ၍ ဘယ်သူ မဆိုပင်၊ ၎င်းတို့ မျက်ခွက်ဟာလေ၊ ရှက်သလိုလို၊ ငေါက်သလိုလို၊ အကြောက်ပိုအောင် ပြုပြင်၊ မပေးစားဘူးကွယ် နင့်လိုလူ၊ တသက်ပန် အဖက်မတန်ဘူးရယ်လို့၊ အဲသည်လို ဆိုပြန်လာလျှင်၊ အဒေါ် အိမ်ခေါင်မိုး တက်လို့ ထမင်း ချက်ချက် အတင်း သမက်တော်ချင် ကျေးဇူးရှင်။
တူမပေး ဒေါ်မြိုင်သခင်။
ရွှေမန်း တင်မောင် ဖြစ်ရာ ဘဝမှာ တွေ့ပါရစေ အစဉ်၊ အလီလီပင်၊ ရီရီရွှင်၊ ကြည်ကြည်ခင်၊ ဒု-သ-န-သော၊ ဟော ဒါပါဘဲရှင်၊ မင်းသား ကိုမောင်တင်၊ အပျို မရှောင်ကြဉ်၊ အအို မရှောင်ကြဉ်၊ ကိုမောင်တင်၊ သူ့ ဓာတ်ပုံကို ပြင်လျှင်၊ နှာခေါင်းနှင့် ပစပ်၊ ကော်နှင့် ကပ်ကာပင်၊ ကျွန်တော်ရဲ့ ဇာတ် ရာဇဝင်၊ အဒေါ်နဲ့ ကၡာ၊ သင်းကလေးတော့ဖြင့်၊ အတွင်းဆွေး ဆွေးမယ်ထင်၊ သူက မကြိုက်ကြိုက်၊ ကျွန်တော်က ကြိုက်တယ်အစဉ်၊ ကိုဒု-သက ပျိုနဲ့ မချိုင်ချင်၊ ကျေးဇူးရှင်။
လူတကာမေး၊ ကြူနံ့သာမွှေး၊
တူမပေး ဒေါ်မြိုင်သခင်။
လူတကာမေး၊ ကြူနံ့သာမွှေး၊
တူမပေး ဒေါ်မြိုင်သခင်။
ရွှေမန်း တင်မောင် ဘဝကို စတင် သရုပ်ဖော်သော တူမပေး သီချင်း ဖြစ်သည်။ ဤသီချင်းတွင် တင်မောင်သည် ဒေါ်ငွေမြိုင်၏ ထံမှ သီးခြား တစင် ထောင်ခွင့် ရရှိကြောင်း တွေ့ရသည်။ ဒေါ်ငွေမြိုင်၏ သဘင် အတတ်သင် ကျောင်းတွင် ပညာသင် မင်းသားများ အတော်များများ ပေါ်ထွက်ခဲ့သည်။ ဒေါ်ငွေမြိုင် လက်ထွက်မင်းသား မှန်သမျှ “ရွှေမန်း”ဆိုသောဘွဲ့ကို ရကြသည်။ ဒေါ်ငွေမြိုင်၏ စင်ပေါ် တွင် ကနေစဉ်ကပင် နာမည် ရှေ့က “ရွှေမန်း” ဟူသော ဂုဏ်အင်ကို ပန်ဆင်ကြရသည်။ နှစ်စေ့၍ ထွက်သွားကလည်း ရက်ရောစွာ ပေးလိုက်သည်။ သို့ရာတွင် “ရွှေပန်း”သည် တင်မောင်၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကဲ့သို့ပင် ဖြစ်နေသည်။ တစုံတယောက်သည် “ရွှေမန်း” ဟူ၍ သာမန် အဖျား
ဒေါ်ငွေမြိုင် တင်မောင်ကို ပညာသင်ရသည်မှာ လွန်စွာ သက်သာသည်။ သည်လိုဆို၊ သည်လို့ငို၊ သည်လိုပြော၊ သည်လို သောဟု မည်မည် ရရ သင်မပေးရချေ။ ပညာ ယူတတ်သူ တယောက်ဖြစ်လေရာ ကြားကာ မြင်ကာမျှဖြင့် အချိုးကျ ဖြစ်နေလေသည်။ တနည်း ဆိုရသော် ဒေါ်ငွေမြိုင်သည် တပည့်ကောင်း တယောက်ကို လွယ်လွယ်နှင့်ပင် ရလိုက်လေသည်။
ဒေါ်ငွေမြိုင်မှာ တင်မောင် တိုးတက် ကြီးပွါးသလောက် ထိုင်နေရင်း ဂုဏ်မြင့်နေသည်။ တင်မောင်ကလည်း အကယ်၍ မိမိ သည် တကယ် တတ်ကျွမ်းနားလည်သော ပညာရှင်ကြီးများ၏ ကဲ့ရဲ့ဖွယ် မနှစ်မြို့ဖွယ်၊ ရယ်မောဖွယ်ကို တီထွင် ပြုလုပ်မိပါက မိမိကိုယ်တိုင်ကို ထိခိုက်မည်ထက် ဆရာသမားများကို ထိခိုက်မှာ စိုးရိမ်ကြောက်ရွံ့နေသည်။ သူ၏ အစွမ်းအစ ဟူသမျှသည် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူး တစိတ်တဒေသဟု ယူဆသည်။
သူ ဒေါ်ငွေမြိုင်၏ ထံတွင် ရှိစဉ်က ဒေါ်ငွေမြိုင်၏ တူမ ရတနာပုံ ခင်ခင်ကြည်နှင့် တွဲ၍ ကခဲ့ရသည်။ တော်သော မင်းသမီး တယောက်ပင် ဖြစ်သည် ။တော်သော မင်းသားသည် အသင့်အတင့် အဆင့်အတန်းရှိသော မင်းသမီးနှင့် တွဲဖက်၍ ဖြစ်သော်လည်း တော်သော မင်းသမီးမှာ တော်သော မင်းသားနှင့် တွဲမှသာ ရသည်။ မင်းသား ညံ့နေက အရသာ မပေါ်နိုင်တော့ချေ။ အကြောင်းပူ ဇာတ်သဘင်တွင် မင်းသားက ခေါင်းဆောင်ရမည်
တစင်ထောင်၊ တင်မောင် ဆိုတဲ့ သီချင်းကို ကြားရ၊ ခင်ကြည် တပါးကို မယား- မယားနဲ့ နားထဲ ခါးလှသည်။
ခပ်ငယ်ငယ် သူရယ်၊ ကျမရယ်၊ အမေမြိုင် အပါးမှာ သနပ်ခါးသွေး ဆေးပေး ဆေးပေး မီးယူ အတူ နေကြသည်။
မငွေမြိုင်ရဲ့ဆီ၊ ဒေါ်ဒေါ်မြိုင်ရဲ့ ခင်ခင်ကြည်။ ကိုတင်မောင် ပြောသမျှ၊ ဒေါသ အားကြီး ဖြစ်လှသည်။ ခင်ကြည်ကို လွမ်းသတဲ့၊ ဆွေးသတဲ့ သူက ပလီ၊ သည်အကောင် သတိတောင် မရပေါင် ယုံပါအတည်၊ ရတနာပုံ မန္တလေးက ခင်ခင်ကြည်။
သူ့နာမယ် မျောက်ဖင်နီ၊ ကိုတင်မောင် မနောက်နဲ့ အတည်၊ မျောက်ဖင်နီ။
ဥပမာ ပြမည်၊ သူ့ ဆရာ ပဌမကြည်၊ ဖိုးစိန်နှင့် အောင်ဗလကို စဉ်းစားပါ၊ စဉ်းစားပါ၊ မင်းအများတို့ သိကြပါလိမ့်မည်။
ဝိသေသ အထူးပါရှင်၊ ကိုတင်မောင် ပြောသမျှ မိဘများ ကန်တော့ပါရဲ့ အတည်။
တင်မောင် မုတ္တ တဖက်တော့ အကြီးကြီးရှင်၊ ဇွတ်မိယင် ချွတ်ကြည့်ပါအတည်၊ ကြောက်ပါတယ် ခင်ခင်ကြည်၊ ရွံ့ပါတယ် ခင်ခင်ကြည်၊ နန်းတော်ရွှေ ဆရာတင် အမှန် ပြောသည်။
တင်မောင်၏ အမည်မှာ တရှိန်ထိုး တိုးတက်နေသည်။ မဒေါ်မြိုင်၏ တူမ မခင်ကြည်လည်း မငြင်းကွယ်နိုင်ချေ။ သူနှင့်အတူ အဒေါ်မြိုင်၏ ထံမှာ ကစဉ်ကထက် အဆပေါင်း များစွာတက်နေသည်။ နေရာတကာတွင် ရွှေမန်း တင်မောင်၏ သတင်းကောင်းကို ကြားနေရသည်။ သူ၏ ဒု-သ-န-သော နှင့် တူမပေးတို့မှာ ကာလသားတို့၏ ပါးစပ်တွင် မပြတ် ဖြစ်နေသည်။ သည်အကောင် နာမည် ကြီးတာ သူ ဆရာ ဖြစ်သော ကျမကြောင့်ဟု ခင်ကြည်က ဖမ်း၍ နှိမ်သည်။ ဦးဖိုးစိန်နှင့် ဦးအောင်ဗလကို သာဓက တင်ပြသည်။ ဦးဖိုးစိန်ကြီးနာပည်ကြီးသည်မှာသူနှင့် တွဲဖက်၍ ကသော ယောက်ျား မင်းသမီး ဦးအောင်ဗလကြောင့် ဟုထိုစဉ်က လူများ ပြောကြသည်။ ထိုအတူပင် ယခု တင်မောင်
သာဓက တင်သည်၊ ဥပမာ ပြမည်၊
မျောက်မင်း အလားသို့ တရားတော်ရှုမည်၊
အသဲနှလုံးမှ သုံးဆောင်စားမည်၊
မိကျောင်း ခင်ကြည်၊ ချင်ခြင်းတပ်သည်၊
မြင်ရာ ရေဇလာ အောက်နဒီ၊
မြေကမ္ဗလာ အောက်ဆီ၊
အလျားမှောက်၍ စောင့်တဲ့
ဥပမာအညီ-ရှူဆပါ အတည်။
မျောက်မင်းကြီး လူပျိုသည်၊
ပွါးများဂတိတည်၊ သားမယား မရှိပြီ၊
တောတောင်ယာမဟိ၊ ရေဇလာကြည်သည်၊
မြစ်အတွင်းနဒီ၊ ဟိုကမ်းဘက်မှ၊
ကိုယ်လှမ်းတက်ခါ၊ ကျက်စားနေသည်၊
ဗွေမဟီ-မိကျောင်းမ ပလီ၊
ကျောက်တုံးပေါ်က အတည်၊
ကျုပ်နှလုံးသား စားဘို့ ကြံစည်။
မင်းက ငါ့ကို ငမျောက်ဖင်နီဟု ဆိုသည်။ မှန်သည်။ ငါဟာ မျောက်ပါဘဲ။သို့ရာတွင် သာမန်မျောက်တော့ မဟုတ်ပေဘူး ခင်ကြည်။ “ဝါနရိန္ဒ” မျောက်မင်းဖြစ်သည်။ သင်သည်ကား ဝါနရိန္ဒမျောက်မင်း၏ အသဲနှလုံးကို စားသုံးလို၍ ကျောက်ဖျာဘေးမှာ
တူမပေး သီချင်းတွင် ဦးခင်သက်ကြီးက ရွက်ထည်ရုံ ပြင်ဆင်နေကြောင်းပါသည်။ ဦးခင်သက်မှာ တင်မောင်၏ အမ ဒေါ်သိန်းတင်၏ ခင်ပွန်းဖြစ်သည်။ ပွဲစားကြီးဖြစ်၍ စီမံအုပ်ချုပ်မှု ကျွမ်းကျင်သည်။ တင်မောင်သည် သူ့ဘဝကို တင်ပြရာတွင် ဦးခင်သက် မပါက အဓိပ္ပါယ် ပြည့်စုံလိမ့်မည်ဟု မယူဆချေ။ အသက်ထက်ဆုံး ဦးခင်သက်၏ ကျေးဇူးကို ဦးထိပ်ရွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ တင်မောင်၏ တိုးတက်ကြီးပွါးခြင်းမှာ ကံ-ဉာဏ်-ဝီရိယကို ပစ်ပယ်၍ မရပါ။ လူသိနည်းသော သူ၏ ကြီးပွါးရေးတခုမှာ ကျေးဇူးရှင်များကို အစဉ် သတိရခြင်းပင် ဖြစ်သည်။
ဦးခင်သက်သည် ဦးကျော်ထွန်းထံမှ ဦးစိန်ကတုံး၏ ရွက်ထည်ရုံကြီးကို တင်မောင့် အတွက် ဝယ်ယူလိုက်သည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ရွက်ထည်ရုံ နှင့် ကသော မင်းသား နှစ်လက် ရှိသည်။ ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးပင် ဖြစ်သည်။ ဦးစိန်ကတုံး လွန်သော အခါ ထိုနေရာကို တင်မောင်က ယူလိုက်ခြင်း ဖြစ်သည်။
ငွေရှိလျှင် ရွက်ထည်ရုံ ရရှိနိုင်သည်ကား မှန်ပေသည်။ ထိုရွက်ထည်ရုံတွင် ကနိုင်ဖို့က လိုသည်။ များစွာသော ဇာတ်သဘင်
အမေရိကန်ပြည်၌ ကပြစဉ်
တင်မောင်ကို အခမဲ့ ကြည့်ချင်ပွဲ အဖြစ် ဆက်လက် ကစေ၍ မဖြစ်နိုင်ချေ။ တခဲနက်မျှ ပြည့်လျှံနေသော ပရိသတ်ကို ထိန်းသိမ်းရန် မဖြစ်နိုင်တော့၍ ရုံသွင်းလိုက်ရခြင်း ဖြစ်သည်။ ရုံသွင်းကာ လူကို ကန့်သတ်လိုက်ရသည်။ သို့ရာတွင် ရုံလျှံ၍ ဖွင့်ပေးလိုက်ရသည်က များသည်။
ရှေးအခါက ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးတို့သာ မတ်တန်းနှင့် ကနိုင်သည်။ အခြား မင်းသားများမှာ မူးတန်း ဖြစ်သည်။ ထိုနေရာတွင် တင်မောင်က မတ်တန်းနှင့်ပင် စတင်ခဲ့သည်။ သုံးမူးတန်းမှာပင် စစ်ဖြစ်၍ ရပ်ဆိုင်းလိုက်ရသည်။ ထိုစဉ်အခါက သူ၏ ဇာတ်ပွဲတွင် တညအတွက် ဝင်ငွေမှာ ခြောက်ရာမှ တထောင်အတွင်း ဖြစ်သည်။
လွတ်လပ်ရေး ခေတ်တွင် သူ၏ ရုံဝင်ခမှာ တကျပ်မှ တကျပ်ခွဲ အထိ ဖြစ်လာပြီး ဝင်ငွေမှာ တညလျှင် ပျမ်းမျှ ၃၀၀၀ိ-ခန့် ဖြစ်လာသည်။ ညဉ့်ဝက် စံနစ် တီထွင်လိုက်သောအခါ ရုံဝင်ခမှာ ၃ိ မှ ၁၀ိ အထိ တိုးတက်လာပြီး ဝင်ငွေလည်း တဆ တိုးတက်လာသည်။
တင်မောင်ကား မင်းသားကောင်းတို့တွင် ထူးချွန်သူ ဟု ဆိုရပေမည်။ သူ၏ ထူးချွန်ခြင်းမှာ “ထွင်ဉာဏ်” ပင် ဖြစ်သည်။ သူသည် သူများ လုပ်သလို လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်ချင်သူ မဟုတ်ချေ။ အညွှန့် အတက်ကလေးတွေနှင့် ဝေဝေဆာဆာ လုပ်ရမှ ကျေနပ်သည်။ များစွာသော မင်းသား မင်းသမီးတို့သည် ရှေးက နာမည်ကျော်များ ဖြစ်သော ဦးဖိုးစိန်၊ ဦးစိန်ကတုံး၊ အောင်ဗလ စသူတို့၏ ဆိုဟန်၊ ကဟန်ကို တူအောင် လိုက်၍ ဆိုကြ၊ ကကြသည်။ တင်မောင်ကား သူ့ဟန်ကို သူ အားကိုးသည်။ ရှေးက ပညာတွေကို ရှေးက ယဉ်ကျေးမှု အမွေအနှစ်အဖြစ် နှင့် မြတ်နိုးစွာ သိုမှီးထားပြီး တိုးတက်သော ခေတ်ကို တိုးတက်သော စံနစ်ဖြင့် ထွေးရစ်ပေးလေသည်။
လက်ဝဲ သုန္ဒရသည် တင်မောင်၏ ပဌမ ထွင်ခြင်း ဖြစ်သည်။ သဘင်သည်တို့သည် များသောအားဖြင့် ဦးဖိုးစိန်၊ ဦးစိန်ကတုံးတို့ ကသော ဇာတ်ထုပ်များကိုသာ ကပြနေကြသည်။ ကိုယ်တိုင်၊
တင်မောင် လက်ဝဲသုန္ဒရကို စီစဉ်သော အချိန်က မြန်မာနိုင်ငံတွင် စာပေစိတ် မြင့်တက်နေသော အချိန် ဖြစ်သည်။ ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ်မှနေပြီး မြန်မာစာကို မြှင့်တင်နေသည်။ ပုဂံ ဝန်ထောက် ဦးတင်၊ အဝေးရောက် ဦးအောင်ကြီး၊ မှော်ဘီ ဆရာသိန်း၊ ဆရာပွါး၊ သခင် ကိုယ်တော်မှိုင်း စသော ပညာရှင်ကြီးများလည်း မြန်မာစာပေကို ဝိုင်း၍ မြေတောင်မြှောက်နေကြသည်။ လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတုမှာ စာပေ ဝါသနာပါသူတို့ လောကတွင် ခေတ်စားနေချိန် ဖြစ်သည်။
ဤတွင် အဝေးရောက်မင်း ဦးအောင်ကြီးက မဲဇာတောင်ခြေ ဋီကာကို ရေးသည်။ အရေးပိုင် ဦးကျော်ထွန်းနှင့် ဟံသာဝတီ ဦးဘရင်တို့က တိုးတက်ရေး မဂ္ဂဇင်းမှ နေပြီး “ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါ မထွန်း၊ ချမ်းရှာလွန်း၍” ဟူသော အပိုဒ်၌ “နေက ချမ်းသည်၊ လူက ချမ်းသည်” ဟု အကြီးအကျယ်
ဦးဖိုးစိန်သည် ဇာတ်စင်ပေါ်သို့ ယိမ်းကို စတင်၍ တင်ပေးခဲ့သည်။ ညီညီညာညာ ယိမ်းနွဲ့နေသော မင်းသမီးကလေးများ ကို ကြည့်ရသည်မှာ လွန်စွာ အရသာ ရှိလှပေသည်။ ရှေးအခါက ဇာတ်စင်ပေါ်တွင် မင်းသမီးများများ မမြင်ဘူးဘဲ ယခုမှ မြင်ရသည်မှာ လွန်စွာ ကျေနပ်ဖွယ် ကောင်းလှပေသည်။ တင်မောင်လည်း ကြိုက်သည်။ ဦးဖိုးစိန်၏ ထွင်ဥာဏ်ကိုလည်း လွန်စွာ ခြီးကျူးသည်။ သို့ရာတွင် ရိုးရိုး လှပစွာ ယိမ်းနေသည်ထက် အဓိပ္ပါယ်ဆောင်၍ လှပစွာ ယိမ်းနွဲ့ခြင်းက ပိုမကောင်းပေဘူးလားဟု တဆင့် တက်ကြည့်သည်။ သူ၏ ဗန္ဓုလယိမ်း၊ ကောက်စိုက်မ ယိမ်း၊ ရဲတပ်ဗိုလ် ယိမ်းတို့မှာ ဗမာ့လွတ်လပ်ရေး၏ ရှေ့ပြေး နိမိတ်များပင် ဖြစ်လာခဲ့လေသည်။
ပွဲကြည့်ပရိသတ်များသည် ယိမ်းကို အတော်ပင်နှစ်သက်နေကြသည်။ ဆန်းသစ်သည့် ယိမ်းကို ဝေဖန် ခြီးကျူး ဂုဏ်ထူးပြုကြသည်။ ဇာတ်အဖွဲ့တိုင်းမှာ အသီးသီး ကိုယ်ပိုင်ယိမ်းများ တီထွင်လာကြသည်။ ဇာတ်သဘင်များ၏ ယိမ်းခေတ်ဟု ဆိုရ လောက်အောင်ပင် ယိမ်းများ ခေတ်စားနေစဉ်၊ တင်မောင်သည် သူ၏ဇာတ်ခုံပေါ်မှယိမ်းကို ရုတ်တရက် ရုပ်သိမ်းပစ်လိုက်လေ
ရွှေမန်းတင်မောင် မိသားစု
တို့အတူပင် သူသည် ပွဲကြည့် ပရိသတ်၏ အာရုံကိုလည်း ငြီးငွေ့အောင်မလုပ်ချေ။ အာရုံ အသစ်အသစ်ဖြင့် ထွေးရစ်စေသည်။ သူသည် ဇာတ်ခုံပေါ်မှ အလွန်ခေတ်စား လူကြိုက်များနေသော ယိမ်းကို လူတွေ မငြီးငွေ့မီ အတွင်းမှာပင် ဖယ်လိုက်ပြီး၊ ထိုနေရာတွင် “အော်ပရာ”ကို အစားထိုးလိုက်လေသည်။ အော်ပရာသည် တင်မောင်၏ စကား မဟုတ်ပါ။ နိုင်ငံခြား စကား ဖြစ်ပါသည်။ နိုင်ငံခြားတွင် ခေတ်စားနေသော အကတမျိုး ဖြစ်သည်။ သူသည် ထိုအကကို မြန်မာပြန်ပြီး မြန်မာဟန် သွင်းလိုက်ခြင်း ဖြစ်သည်။
“ကောင်းတော့ ကောင်းပါရဲ့၊ ဗမာအကမှ မဟုတ်ဘဲ၊ နာမယ်ကိုက အော်ပရာတဲ့ကွာ…”
“ဟုတ်ကဲ့ ဗမာအကတော့ မဟုတ်ပါဘူး။ဆီလျော်အောင် မြန်မာ ပြန်လိုက်ပါတယ်။ ယိုးဒယားကကော ဘာအကပါလဲခင် ဗျာ…”
“ယိုးဒယားလို့ ဆိုနေမင့်ဘဲ ယိုးဒယားက လာတဲ့ အကပေါ့”
“ရှေးက ပညာရှင်ကြီးတွေ ယိုးဒယားမှ မြန်မာပြန်ခြင်းကို ဝိုင်းအုံအားပေးခြီးကျူးကြပါယင် ကျွန်တော်တို့ကိုလဲ ဘာသာပြန်
တင်မောင်က ဖြေဆို ရှင်းလင်းပြလေသည်။ မှန်သည် မြန်မာတို့သည် သူ၏ ဘာသာပြန် အော်ပရာကို လှိုက်လှဲစွာ ကြိုဆိုလက်ခံကြလေသည်။ ရန်ကုန် မြို့သူမြို့သားတို့ဆိုလျှင် ၁၉၃၆-ခုနှစ်က ကန်တော်ကြီးပွဲတွင် သူ၏ ယောက်ျားတံခွန် အော်ပရာများကို ကြည့်ရသည်။
“ခင်ဗျားရဲ့ တီထွင်ချက် ကောင်းတော့ ကောင်းပါရဲ့ဗျာ။ တော်တော့ကို ကောင်းပါတယ်။ ဒါပေမဲ့ အော်ပရာဆိုတဲ့ နာမယ် ကြီးကိုတော့ မကြိုက်လှဘူးဗျာ။ ဒီနာမယ်ကိုလဲ ဗမာ ဆန်ဆန် ဘာသာပြန်ယင် ကောင်းမယ်”
“အမည်နာမ ဝေါဟာရကို တီထွင်တို့ကတော့ ကျွန်တော်လို လူမျိုးရဲ့ အလုပ်မဟုတ်ဘူး ထင်ပါတယ်။ သည်အတွက် သုခမိန်များ ရှိကြပါတယ်။ သို့ပေမင့် မြန်မာနိုင်ငံ အဝှမ်းမှာ အင်္ဂလိပ်ကျောင်းတွေ တန်ခိုးကြီးနေသည့်အချိန်မှာ သူ့ကို အော်ဂလီဆန်
သို့ဖြင့် တင်မောင်၏ အော်ပရာသည် ဇာတ်သဘင်တွင် မပါမဖြစ်သော ကဏ္ဍတခု အဖြစ်နှင့် ခေတ်စားခဲ့လေသည်။ ဇာတ်ပွဲတို့တွင် ယိမ်းများသည် တဖြုတ်ဖြုတ် ပြုတ်ကုန်ကြပြီး အော်ပရာများ ရောက်လာကြသည်။ “သည်ည၊ သည်နောက် ဘာအော်ပရာ ပြမှာလဲ”ဟု အမေးခံရသည့် အခြေသို့ပင် ရောက်ခဲ့လေပြီ။ ယင်းခေတ်ကို အော်ပရာခေတ်ဟု သဘင်ပညာကို စိတ်ဝင်စားသူများက အမည်ပေးကြသည်။ အော်ပရာခေတ် လွန်စွာ တက်နေသည်ကို တင်မောင်က ဆင်ခြင်သည်။ တက်ခြင်းသည် ကျဘို့ ဖြစ်သည်ဟု တွက်သည်။
သုခဿ အန္တံ ဒုက္ခံ၊
ဒုက္ခဿ အန္တံ သုခံ၊
ချမ်းသာ၏ အဆုံးသည် ဆင်းရဲ။
ဆင်းရဲ၏ အဆုံးသည် ချမ်းသာ။
ဘုန်းကြီးကျောင်းမှာ သင်ကြားခဲ့ရသော သဘောတရားကလေး တခုပင် ဖြစ်သည်။ ဤသဘောကို သူက ဋီကာချဲ့ပြီး အသုံးပြုသည်။ “တက်ခြင်း၏ အဆုံးသည် ကျခြင်း။ ကျခြင်း၏ အဆုံးသည် တက်ခြင်း...”ဟု ဆောင်ပုဒ်လုပ်သည်။ ထိုမျှတက်နေသော အော်ပရာသည် တနေ့ ပြန်ကျရမည်ဟု မှိုင်းဝ၍ အစွမ်းကုန် တက်
ရွှေမန်း၏ နှစ်ပါးသွား
နေသော မီးအိမ်ပျံကဲ့သို့သော သူ၏ အော်ပရာကိုကြည့်ကာ ဆင်ခြင်သည်။ သူကား ဘယ်သောအခါမျှ အကျထိအောင် စောင့်ဆိုင်းနေသူ မဟုတ်ချေ။ သူ၏ ဇာတ်ခုံပေါ်တွင် အရောင် တဝင်းဝင်းနှင့် ထွန်းလင်း တောက်ပနေသော အော်ပရာကို ရုပ်သိမ်းလိုက်ပြီး ထိုနေရာတွင် ပြဇာတ်ကို အစားထိုးလိုက်သည်။ “ဂီတရူး၊ သဘင်ရူး၊ ချစ်ပြည်ထောင်စု၊ ချစ်မိစ္ဆာ၊ အောင်ဘာလေ၊ ရွှေကြေးစည်” တို့သည် သူ၏ လူကြိုက်များသော ပြဇာတ်များပင် ဖြစ်ကြသည်။
“ဟုတ်ကဲ့ အမိန့်ရှိပါအုံး…”
“ဇာတ်တော်ကြီးတွေက ဇာတ်ဆိုတဲ့ အမည်ကို ခံယူပြီး ပြဇာတ်ဆိုတဲ့ ပေါ်ပင်အမည်ကို ခံယူတာကိုတော့ ကန့်ကွက်ချင်ပါတယ်....”
“ပြဇာတ်ဆိုတဲ့ စကားကိုတော့ အထင်မသေး စေချင်ဘူးခင်ဗျား။ သည်စကားဟာ အခုမှ ပေါ်ပင်စကား မဟုတ်ပါဘူး ခင်ဗျား။ ဟိုဝန်ကြီးပဒေသရာဇာတို့ရဲ့ အင်းဝခေတ်၊ ဦးကြင်ဥ၊ လှိုင်ထိပ်ခေါင်တင်၊ စလေဆရာကြီး ဦးပုညတို့ ခေတ်ကစပြီး သူတို့တွေ တီထွင်ခဲ့တဲ့အမည်ပါ။ သူတို့က သူတို့ခေတ်နှင့်ဆီလျော်တဲ့ ဇာတ်လမ်းဇာတ်ကွက်ကို စီစဉ်ပြီး ကျွန်တော်တို့က ယခုမျက်မှောက် ကျွန်တော်တို့နှင့် ဆီလျော်သည့် ဇာတ်လမ်းဇာတ်ကွက်ကို စီစဉ်ရပါတယ်…”
“သဘင်ရူး” ပြဇာတ်မှာ တင်မောင်၏ ဘဝကို တင်ပြခြင်းဖြစ်သည်။ သူသည် သဘင်ကို ဘယ်ကဲ့သို့ မြတ်နိုးလာခဲ့သည့် အ ကြောင်းကို သဘင်ရူးတွင် ကြေကွဲဖွယ် တွေ့မြင်ရသည်။ “ချစ်ပြည်ထောင်စု”က ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေး၊ “ချစ်မိစ္ဆာ”က မြန်မာတို့၏ ရိုးရာဟု ခေါ်ကြသော စုံးကဝေ တစ္ဆေတို့ကို အိမ်ဦးမှ ထုတ်ပယ်ရန်အတွက် ဖြစ်ပြီး၊ ကိုးကွယ်ဆီးကပ်ရာဖြစ်သော ရတနာကို “ရွှေကြေးစည်” အသံဖြင့် ကြည်လျှံစေသည်။
ရုပ်သေးအချို့နှင့် အငြိမ့်များကပါ ပြဇာတ်ကိုလိုက်က နေသဖြင့် တင်မောင်သည် သူတို့နှင့် လမ်းခွဲရန် တွေးကြံပြန်သည်။ သူ၏ ရည်ရွယ်ချက်မှာ ပွဲကြည့်ပရိသတ်တို့သည် အရသာ တမျိုးတည်းသာ မဟုတ်ဘဲ အရသာ မျိုးစုံကို စားသုံးစေလိုခြင်းပင်ဖြစ်သည်။ အသစ်အသစ် ဖြစ်သော ရသာရုံဖြင့် မွေ့ထုံစေလိုခြင်းပင် ဖြစ်သည်။ သို့ကြောင့် သူသည် ပြဇာတ်အရှိန် လွန်စွာတက်နေခိုက်မှာပင် သူ စခဲ့သော ပြဇာတ်ကို ဖြုတ်ပြီး အဆိုမပါ အတီးနှင့် အကသက်သက်ဖြစ်သော “ဘဲလေး”ကိုသူ၏ ဇာတ်ခုံပေါ်သို့ စ၍ တင်လိုက်လေသည်။ သူ၏ ထွင်ချက်တို့မှာ အတော်ပင် လေးနက်စူးရှလှသဖြင့် စာရေးသူ အပါအဝင် လူအချို့က သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။
“အော်ပရာဆိုတာ ဘာလဲ”
“ပြဇာတ်ဆိုတာ ဘာလဲ”
“မြန်မာမှုနှင့် ဆီလျော်သလား”
အနုပညာ ဂုဏ်မြောက်သလား”
“အရိုးကို အရွက်ဖုံးသလား”
သူက ဖြေသည်။ “အော်ပရာဘဲ ခေါ်ခေါ်၊ ဘဲလေးဘဲခေါ် ခေါ်၊ အခြား ဘယ်အမည်နှင့်ဘဲ ခေါ်ခေါ်၊ ခေါ်ချင်သလို ခေါ်ပါ။ ရှေးမြန်မာ အနုပညာ အဘိဓာန်တွင် အော်ပရာလို အကမျိုး၊ ဘဲလေးလို အကမျိုး ရှိခဲ့ပါသည်။ ပြဇာတ်ဆိုတာ မျိုးကတော့
ထူးခြားသော ဇာတ်ခုံအပြင်အဆင်
ရှေးဦး စတင် တီထွင်ရာဝယ် အပြစ်ဆိုစရာ ရှိလေက တီထွင်သူကိုပင် ဝိုင်း၍ဆိုကြသည်။ အကျိုးတရားကိုကား အများအပြား ဝိုင်းအုံ၍ ခံစားကြလေသည်။ သူ၏အကမှာ အနောက်တိုင်းက ဘဲလေးနှင့် ခပ်ဆင်ဆင်တူ၍ ဘဲလေးဟု ဆိုရသော်လည်း အမှန်မှာ မြန်မာတို့၏အရိုးခံ အဖိုးတန်များကို သိဒ္ဓိတင်ပေးခြင်းသာ ဖြစ်လေသည်။ ဘာသာပြန်ကောင်းသော စာရေးဆရာတဦးသည် ဘာသာပြန်မှန်း မသိရအောင် ဘာသာပြန်သကဲ့သို့ပင် တွေ့မြင်ရသည်။
ရွှေမန်း၏ဘာသာပြန်တို့မှာလည်း ထို့အတူပင်ဖြစ်လေသည်။ အော်ပရာဟု၎င်း၊ ဘဲလေးဟု၎င်း မပြောက မသိနိုင်ပါ။ မြန်မာ့ယဉ်ကျေးမှုတခုကို ထုတ်ဖော်သွားသကဲ့သို့ပင် ဖြစ်သည်။
အော်ပရာဆိုသော စကား၏ အဓိပ္ပါယ်မှာ အကမပါ၊ အဆိုကို အသားပေး၍ ပြသော ဇာတ်ပင် ဖြစ်သည်။ စကားပြောလျှင်
ဘဲလေး ဆိုသည်မှာ အဆိုမပါ၊ အကဖြင့် ဇာတ်ကွက်ကိုသရုပ်ဖော်သော အကဖြစ်သည်။ ရွှေမန်းသည် မြန်မာကြိုက် ဖြစ်စေရန် အော်ပရာနှင့် ဘဲလေးကို နှစ်ခုစပ်ပြီး မြန်မာမှုကို အဆိုအက နှစ်ဌာနဖြင့် သရုပ်ဖော်ခြင်း ဖြစ်သည်။ သူလိုချင်သည်မှာ ဘဲလေး၊ အော်ပရာတို့ မဟုတ်ချေ။ မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော် မွှန်းတင်ရန်ပင် ဖြစ်သည်။ သို့ကြောင့် သူသည် နှစ်ခုကို ဟင်းလေးကျိုပြီး “ပဒေသာကပွဲ”ဟု အမည်ပေးလိုက်လေသည်။
တင်မောင်သည် ၁၉၅၆ ခုနှစ်က နိုင်ငံခြားသို့ စတင်၍ ရောက်ခဲ့သည်။ တရုပ်နှင့် ရုရှနိုင်ငံသို့ ယဉ်ကျေးမှုအဖွဲ့နှင့် သွားရခြင်း ဖြစ်သည်။ ကဲနက်စိန်နှင့် စိန်အောင်မင်းတို့လည်း ပါသည်။ ဦးဟန်ပ၏ နိုင်ငံတော် ဆိုင်းအဖွဲ့နှင့် ပန်တျာ ကျောင်းသူ ကျောင်းသား ကျောင်းဆရာများလည်း ပါကြသည်။ နိုင်ငံခြားသို့ရောက်သော မြန်မာ့သဘင် အဖွဲ့တို့တွင် အကြီးဆုံးသော အဖွဲ့ကြီးပင်ဖြစ်သည်။ ဦးတင်မောင်တို့သည် နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်၍ နိုင်ငံခြားအတွေ့အကြုံ ဗဟုသုတကို ရကြသည်။
ဆန်းသစ်သောကဟန်
၁၉၅၉ ခုနှစ်၌ တင်မောင်၊ စိန်အောင်မင်းနှင့် ဒဂုဏ်ပ ဦးဘတင်တို့ သုံးဦး အမေရိကန်သို့ သွားကြသည်။ အမေရိကန်တွင် မြန်မာအဆိုအက၏ သဘာဝကို မူရင်းအတိုင်း လွတ်လပ်စွာ တင်ပြခွင့် ရခဲ့ကြသည်။ အများနှင့် သက်ဆိုင်သော လူထုပွဲများတွင် ပြသခွင့် မရကြသော်လည်း ပြရသလောက် ပညာသည်ပိုင်း မင်းစိုးရာဇာ ပိုင်းကမူ အထူးပင် လေးစားကြသည်။ မြန်မာ အနုပညာ၏ မူရင်းကျကျကို လေ့လာခွင့် ရသွားကြသည်။
အမေရိကန် သွားရသဖြင့် အထူးသဖြင့် အမြတ် ထွက်လာသည်မှာ မိတ္တဗလပင်ဖြစ်သည်။ အမေရိကန် ပညာသည်များနှင့်
ဝါ-ဂီ-နစ် အဖွဲ့ကြီးတွင် တဦးက ဥက္ကဋ္ဌ၊ တဦးက ဒုတိယ ဥက္ကဋ္ဌအဖြစ်နှင့် တွဲဖက်လုပ်ကိုင်နေကြသော်လည်း လွန်စွာ ရင်းနှီးခြင်း မရှိကြချေ။ မေးဖြေ ခေါ်ထူးလောက်သာ ရှိကြသည်။ အမေရိကန်သို့ ရောက်သောအခါ တယောက်တလဲ အနင်းခံနေကြသည်။ တဦးကို တဦးကား ယုယစွာပြုစုသည်။ ရွှေမန်းတင်မောင်က ဈေးဝယ်သည်။စိန်အောင်မင်းက ချက်ပြုတ်သည်။ခူးခပ် ပြင်ဆင်ပေးသည်။ ရွှေမန်းက ပန်းကန်ခွက်ယောက်များကို ဆေးကြောသုတ်သင်သည်။ မိမိတို့၏ ဘဝကို အသီးသီး တင်ပြဆွေးနွေး၍ အကြံဉာဏ်များ အပြန်အလှန်ပေးယူကြသည်။ ယခုဆိုလျှင် တင်မောင်သည် အောင်မင်း၏ ကျန်းမာ ချမ်းသာရေး သတင်းစကားကို အမြဲ နားစွင့်နေသလို၊ အောင်မင်းကလည်း တင်မောင်၏ ကျန်းမာချမ်းသာရေးကို မပြတ် မေးစမ်း၍ နေသည်။ အမေရိကန်မှအပြန်တွင် သူတို့၏ မိတ္တဗလမှာ ဤမျှ အောင်မြင် လာခဲ့ကြလေသည်။
ယနေ့ ရွှေမန်း၏ အကြောင်းကို ပြောလျင် သူ၏ ညဝက်စံနစ် သဘင်သစ်ကို ချန်လှပ်ထား၍ အဓိပ္ပါယ် ပြည့်စုံလိမ့်မည် မဟုတ်ချေ။ ထိုစံနစ်ကို အချို့က ရွှေမန်း၏ ကြီးစွာသော တီထွင်မှုကြီးဟု ဆိုကြသည်။ အချို့ကမူ သဘင်လောကကြီးကို ကြီးစွာသော တော်လှန်ပစ်ခြင်းဟု ဝေဖန်ကြလေသည်။ တီထွင်သည်ဟု ဆိုသည်မှာလည်း မှန်သည်။ တော်လှန်ခြင်းဟု ဝေဖန်သည်မှာလည်း မမှားချေ။ သူသည် ဆန်းသစ်သော ရှုကွင်း ရှုကွက်တို့ဖြင့် ညဝက် စံနစ်သစ်ကို တီထွင်သည်။ မိရိုးဖလာအတိုင်း ညလုံးပေါက် အချည်းနှီး အချိန် ဖြုန်းပစ်နေသည်များကို တော်လှန် ပစ်သည်။
ရှေးရှေး ခေတ်က မြန်မာနိုင်ငံသည် နိုင်ငံက ကျယ်ပြန့်
ယခုအခါမှာကား ဟိုအခါကကဲ့သို့ မဟုတ်တော့ချေ။ ထမင်းနပ်မှန်ရန်အတွက် အပြေးအလွှားရှာဖွေ လုပ်ကိုင်နေကြရသည်။ လူတို့သည် ရှေးကကဲ့သို့ အချိန်ကို အချည်းနှီး ဖြုန်းမပစ်နိုင်ကြချေ။ အချိန်ကိုလု၍ အင်တိုက်အားတိုက် အလုပ်လုပ်နေကြရသည်။ သို့ကြောင့်လည်း တင်မောင်က ညဝက်စံနစ် သဘင်သစ်ကို တီထွင်လိုက်ခြင်း ဖြစ်သည်။ သူ၏ တီထွင်ခြင်းတို့၏ ပဓာနဖြစ်သော အကြောင်းရင်းမှာ ပွဲကြည့်ပရိသတ်ကို လေးစားခြင်းပင် ဖြစ်သည်။
“အကြင်အိမ်တွင် ဧည့်သည်သည် ငြီးငွေ့၍ ပြန်သွားငြားအံ့၊ ထိုအိမ်မှာ ကြက်သရေယုတ်သည်” ဟုဆိုသော စကားကို တင်မောင်သည် အမြဲသတိထားနေသည်။ သူ၏ ဇာတ်ရုံတွင်းမှ ပရိသတ်များ ငြီးငွေ့စိတ်ပျက်ပြီး ပြန်သွားကြမည်ကို လွန်စွာစိုးရိမ်ကြောက်ရွံ့သည်။ သို့ကြောင့်လျှင် သူသည် တခေတ်တခေတ်တွင် အသစ်အသစ် တီထွင်နေခြင်း ဖြစ်သည်။
တင်မောင် ညဝက်သဘင်သစ်ကို ဇာတ်လမ်းဇာတ်ကွက်ကစပြီး ဆန်းသစ်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓဝင်ကို ယခုအခါဘယ်သူမျှ လူစွမ်းကောင်းလုပ်ပြီး မပြကြတော့ချေ။ အကြောင်းမူ လောကသားတို့တွင် လောကအကြောင်းကိုပို၍ စိတ်ဝင်စားကြခြင်းကြောင့်ဖြစ်သည်။ ဗုဒ္ဓဝင် ပြနိုင်သောသူမှာ လွန်စွာတော်မှ ဖြစ်သည်။ ဘယ်သူမှ မှတ်ပုံတင်ထားသည် မဟုတ်၍ ပြလိုကဘယ်သူမဆို ပြနိုင်ပါသည်။ သို့ရာတွင် ပရိသတ် လက်ခံနိုင်လောက်အောင် ပြနိုင်မှဖြစ်မည်။ လက်မခံ၍ တချည် နှစ်ချည်ဖြင့် လှန်လိုက်ရမူ အကျိုးမနပ်ဘဲ ဖြစ်မည်သာတည်း။
တင်မောင်သည် ဗုဒ္ဓဝင်ကို ရှေးစကားလုံး အသုံးအနှုန်းတို့ဖြင့် တင်ပြနိုင်ခဲ့သည်။ စာတိုက်ထဲတွင် ပင့်ကူအိမ် ဖွဲ့နေသော ပေစာများကို ရွှေကလပ်ပေါ် တင်ပြဘိသကဲ့သို့ စာဟောင်း ဟောင်းတို့ကို ထုတ်ဖော်ပေးခဲ့သည်။ လကမ္ဘာသို့ ချီတက်နေသော တိုး
စာရေးဆရာကြီး ဒါရိုက်တာ ဦးဉာဏကမူ တင်မောင်ကို အပြဝိဇ္ဇာကြီးဟု ခြီးကျူးဝေဖန်လေသည်။သူသည် အပြကောင်းသည်။ သူ၏ ပြကွင်းပြကွက်တို့၌ ငြီးငွေ့စရာ မရှိအောင် ကြိုးစား၍ ပြသည်။ ပွဲကြည့်သူများကို လေးစားခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်၏။ သူအမေရိကန်ကပြန်၍ရောက်လျှင်ရောက်ခြင်း “ပွဲကြည့် ပရိ
ပြဇာတ်ဟန်
သူ အမေရိကန်မှ ပြန်ရောက်ပြီး လုပ်သော ထူးထူးဆန်းဆန်းကိုကား မကြည့်ရသေးပေ။
တင်မောင် ငယ်စဉ်အခါက မှတ်သားခဲ့ရဘူးသည်။ တူရိယာတို့သည် သဘာဝဖြစ်သော တောတောင်ရေမြေတို့၏ သဒ္ဒအသံကို စံနမူနာ ပြုပြီး တီထွင်ကြသည်။ သို့ကြောင့် တူရိယာတို့သည် မိုးချုန်းသံ၊ မိုးခြိမ်းသံ၊ လေတိုက်သံတို့နှင့် တူသည်ဆိုသော အကြောင်းပင်ဖြစ်သည်။ သူသည် ထိုအချက်ကို မူတည်ပြီး တူရိယာများကို အသစ်တီထွင် လိုက်လေသည်။ ဝါးခြမ်းစိပ်တခုကို ခေါက်ကြည့်ပါက အသံတသံ ထွက်လာသည်။ ထိုအသံကို ဝါးခေါက်သံဟုပင် ဆိုကြသည်။ အသေးအကြီး ညီညာစွာ စိပ်၍ထားသော ဝါးခြမ်းစိပ်များစွာ၏ အသံမှာမူကား သာယာနာပျော်ဖွယ် တမျိုးအသံ မြည်လာသည်။ တူရိယာ ဆန်လာ၍ ပတ်တလားဟု ခေါ်ကြသည်။
“ဆယ့်တစ်မြောက်စည်၊ တံရှည်တံမြွာ၊ သပြေသာတို့၊ သင်္ချာသတ္တ၊ ထိုမှခရု၊ နှစ်ခုမည်မှန်း၊ စည်ဝန်းဆဲ့တစ်၊ နှဲနှစ်တလိုင်း၊ ခြားပိုင်းတရပ်၊ လက်ချပ်ငါးမျိုး၊ တပိုးနှစ်မည်၊ ပြောစည်တခြား၊ နှစ်ဆဲ့ငါးတိ၊ မှတ်သားမယွင်း၊ ဒုံမင်းနှစ်လီ၊ ချိုအီမယုတ်၊ စည်ပုတ်သံဝါ၊ ပတ်သာလင်းကွင်း၊ တစ်စီသွင်းလျက်၊ သံနှင်းနှဲကြီး၊ ပြိုင်
ပွင့်ပွင့်လင်းလင်း အားမနာတမ်း ဝေဖန်ရသော် ရွှေမန်း၏ တူရိယာအဖွဲ့တွင် ဦးဘမောင် မရှိသည့် နောက်ပိုင်းတွင် နာမည်ကျော်သော တူရိယာ ပညာရှင် တဦးတယောက်မျှ မပါဝင်ချေ။ သာမန်တန်းစေ့ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သို့ရာတွင် သူ၏ အစီအစဉ် တီထွင်မှုက ဆန်းသစ်နေပါ၍ နားထောင်၍ တမျိုးဆန်းနေပေသည်။
တင်မောင်သည် ညဝက်စံနစ် သဘင်သစ်ကို မြို့ကြီးပြကြီးများအတွက်လောက်သာ ရည်ရွယ်ခဲ့သည်။ သို့ရာတွင် သူ၏ ညဝက်စံနစ်မှာ မြို့ငယ် ရွာငယ်များမှာပင် အောင်အောင်မြင်မြင် ကပြနိုင်ခဲ့၏။ သူ ထင်သည်ထက် ပိုမို အောင်မြင်နေသည်ကို တွေ့ရသည်။
ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ဒဂုန်ပဦးဘတင်တို့ အမေရိကန်ရောက်စဉ် (အမေရိကန်အသံ ဦးသန်းမြင့်နှင့်)
သူ၏ ဇာတ်ခုံရှုခင်းကို ဂရုပြုပြီး ကြည့်ရှုပါက အမြင်မတော်သော ကရော်ကမယ်၊ ကပြက်ကချော်တို့ကို တွေ့ရမည် မဟုတ်ချေ။ လူမြင်ကွင်း ဇာတ်စင်ကို အလွန်ရိုသေစွာထားသည်။ သက်ဆိုင်ရာ ဇာတ်ဆောင်မှတပါး အခြားသူများကိုမတွေ့ရချေ။ ဘယ်နေရာက မီးရောင်စုံ ထိုးနေသည်ကိုပင် အတော် စဉ်းစားကြည့်ရသည်။ ဤမျှ ကျစ်လစ်သည်။
ဇာတ်ဆောင်တို့သည် ကပြနေရင်း အချင်းချင်း စကားများခြင်း မျိုးမှာလည်း ပွဲကြည့်သူ ပရိသတ်အတွက် လွန်စွာ ရုပ်ပျက်သည်။ မဆိုင်သူများ ဇာတ်ခုံဘေးမှ နေ၍ ဆင်းချည်၊ တက်ချည်မျိုး အစရှိသော အသေးစိတ် ကလေးများ သည်လည်း ဇာတ်သဘင်ကို ပေါ့ပျက်စေခြင်း ဖြစ်သည်။
ဆိုင်းသမားများကို ကြည့်ပြန်ကလည်း အလှည့်ကျလျှင် တီးမှုတ်ကြ၍ အလှည့်မကျသေးလျှင် ဣန္ဒြေရစွာနှင့် သူ၏ အလှည့်ကို အသင့်စောင့်နေကြသည်။ ဆေးသောက် ကွမ်းစား၊ အချည်း
ရွှေမန်းတင်မောင်၏ ဇာတ်အဖွဲ့တွင် ဇာတ်တဖွဲ့လုံး အတွက် ကိုယ်ပိုင် ဆရာဝန်နှင့် ဆေးခန်းရှိသည်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာပြ ကိုယ်ပိုင်ဆရာ ရှိသည်။ ကိုယ်ပိုင် စာကြည့် ပိဋကတ်တိုက် ရှိသည်။ သူ၏အသက်မှာ ဉာဏ်ထက်မြက်သော ၄၀- ကျော် အရွယ်ဖြစ်၍ ၁၉၅၃ ခုနှစ်က အလင်္ကာကျော်စွာ ဘွဲ့ကို ရရှိခဲ့သည်။ ဇာတ်သဘင် လောကတွင် အလင်္ကာကျော်စွာ ဘွဲ့ကို သူတဦးတည်းသာ ရရှိသေးသည်။
ဇာတ်မင်းသားထဲမှ စာရေး တတ်သူကို ညွှန်ပြပါဆိုလျှင် ရွှေမန်းတင်မောင်ကိုဘဲ ပဌမ ပြရပါလိမ့်မယ်။ သူသည် သဘင်နှင့်ပတ်သက်သော ဆောင်းပါးများကို ရေးနေသူဖြစ်သည်။
ဇာတ်သဘင်သည်တို့သည် ပညာပြန့်ပွါးမှာကို လွန်စွာ စိုးရွံ့ကြသည်။မိမိတို့လက်ဝယ်ရရှိထားသော ပညာကို အခြားတပါးသို့ ပြန့်ပွါးမသွားစေလိုကြပေ။ “ဟင်းစားသာပေးမည်။ ကွန်ချက်ကိုမပြ” ဆိုသော တံငါ စကားပုံကဲ့သို့ပင် ဆရာစား လက်ကိုင်ကိုမူ
ဤကား နောက်ပိုင်း အင်္ဂလိပ်ခေတ်မှစ၍ ပျက်စီးနေသော အကျင့်ဖြစ်သည်။ထိုအကျင့်သည်ယနေ့တိုင်အောင်ပင် မပျောက် ပျက်သေးပေ။ မြန်မာဘုရင်များ ရွှေ လက်ထက်က ဆိုလျှင် ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ချင်းများကို သေချာစွာ မှတ်တမ်းတင်ထားရသည်။ သို့ကြောင့်ပင် ယခု လူများ ထိုခေတ်က ဇာတ်သဘင်၏ အခြေအနေကို လေ့လာ ဆည်းပူး နိုင်ခြင်း ဖြစ်လေသည်။
ရွှေမန်းတင်မောင်သည် သူ၏ တီထွင်မှု ဇာတ်လမ်းဇာတ်ကွက်များနှင့် ဇာတ်ချင်း အပြည့်အစုံကို စာအုပ်စာတမ်းဖြင့် မှတ်တမ်းတင်ထားရန် စာပေနယ်မှ ပုဂ္ဂိုလ်တဦးနှင့် စကား စေ့စပ်ကမ်းလှမ်းနေသည်ဟု သိရပေရာ ဝမ်းသာမိပေသည်။ ယခုအခါ ကပြနေကြသော ဇာတ်ကွက်ဇာတ်လမ်း၊ ဇာတ်ချင်းတို့မှာ ဦးဖိုးစိန်၊ ဦးစိန်ကတုံး၊ ဦးအောင်ဗလတို့၏ လက်ကျန်များသာ ဖြစ်သည်။ ထိုဇာတ်ထုပ်များသည်လည်း တဦးတယောက်တည်းတွင် အပြည့်အစုံ မရှိပေ။ မင်းသားထံတွင် မင်းသားစာရှိ၍၊ မင်းသမီးထံတွင် မင်းသမီးစာ ရှိသည်။ သူဋ္ဌေး၊ သူကြွယ်၊ ဝန်ကြီး၊ ရှင်ဘုရင် စသူတို့၏ စာတို ပေတိုများလည်း ထို့အတူ သက်ဆိုင်ရာ အသီးသီးတို့
သော်ဇင်
စာပေဗိမာန်ပုံနှိပ်တိုက် ၃၆၁ ပြည်လမ်းတွင် ရိုက်နှိပ်၍ စာတည်းမှူး ဦးမြတ်စိုးက
တာဝန်ခံထုတ်ဝေသည်။
“အပြစ်ကင်းစင်၊ ကြားအမြင်၊ များလျှင်မင်္ဂလာ”
နောက်ဆုံးထုတ် ပြည်သူ့ လက်စွဲ စာစဉ်များ
ဝေလာခေါင်း။ ။တသက်တာ၌ အတုံ အလှည့်ဟူသည် တွေ့မြဲဖြစ်၏။
(အဖိုး ၂၅-ပြား)
ရွာသူမ။ ။ ‘မရှိခိုးနိုး၊ မလှ စုန်းယိုး’ ဟူသော စကား၏ သဘာဝ သရုပ်ဖော်
(အဖိုး ၂၅-ပြား)
ရွှေမန်းတင်မောင်။ ။မြန်မာ့သဘင်ကို တခေတ်ထွင်သူ အလင်္ကာကျော်စွာ ဦးတင်မောင်၏ အကြောင်းကို ဦးသော်ဇင်က ထူးခြားစွာ မှတ်တမ်းတင်ထားသည်။
(အဖိုး တအုပ် ပြား- ၅၀)
သုဝဏ္ဏသာမ ဇာတ်တော်ကို
ဆရာ မင်းသုဝဏ်က
အလွယ်ဆုံး အရှင်းဆုံး စီရင်ရေးသားထားသော
“မေတ္တာ နှင့် သစ္စာ”
အနည်းငယ်ရနိုင်ပါသေးသည်။
အဖိုးပြား ၅၀ သာ