3406ဝိနည်းဥပဒေတော်ကြီး — ၂။ အာပတ် ၇ ပုံအရှင်သြဘာသ

၂။ အာပတ် ၇-ပုံ

၁။ ပါရာဇိက
၂။ သံဃာဒိသေသ်
၃။ ပါစိတ်
၄။ ပါဋိဒေသနီ
၅။ ဒုက္ကဋ်အားဖြင့် ဒွေမာတိကာ ပါဠိတော်၌ တိုက်ရိုက်လာသော အာပတ် ၅-ပုံ
၆။ ထုလ္လစ္စဉ်း
၇။ ဒုဗ္ဘာသီအားဖြင့် မာတိကာကို အကျယ်ပြသော ပဒဘာဇနီ (ခေါ်) ဝိဘင်း ပါဠိတော်၌လာသော အာပတ် ၂-ပုံ၊
ဤသို့အားဖြင့် အာပတ် ၇-ပုံ ဖြစ်သည်။

၎င်းတို့မှာ ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစ္စဉ်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ-ဟူ၍ ကြီးစဉ်ငယ်လိုက် အစဉ်အတိုင်းဖြစ်သည်။

ဤအာပတ် ၇-ပုံတို့တွင် ပါရာဇိက၊ သံဃာဒိသေသ်-ဟူသော ရှေ့ ၂-ပုံ သည် လူထွက်ခြင်း၊ ပရိဝါသ်, မာနတ်ဆောက်တည်ရခြင်းဟု ဆိုသော ကြီးလေး သော ကံဖြင့် ဖြေဖျောက်ရသောကြောင့် ‘ဂရုကအာပတ်’ မည်၏၊ နောက် ၅-ပုံကား ဒေသနာပြောခြင်း-ဟူသော ပေါ့သောကံဖြင့် ဖြေဖျောက်ရသောကြောင့် ‘လဟုကအာပတ်’ မည်၏၊

သိက္ခာပုဒ် ၂၂၇-ပါး

ဘိက္ခုပါတိမောက်နှင့် ဘိက္ခုနီပါတိမောက်ကို ဒွေမာတိကာဟု ခေါ်သည်။ ဘိက္ခုပါတိမောက်၌ သိက္ခာပုဒ်ပေါင်း ၂၂၇-ပါး ရှိ၏၊ ၎င်းတို့ကား ပါရာဇိက ၄-ပါး, သံဃာဒိသေသ် ၁၃-ပါး, အနိယတ ၂-ပါး, နိဿဂ္ဂိယ ၃၀, သုဒ္ဓပါစိတ် ၉၂-ပါး, ပါဋိဒေသနီ ၄-ပါး, သေခိယ ၇၅-ပါး, အဓိကရဏသမထ ၇-ပါး အားဖြင့် ၂၂၇-ပါး ဖြစ်သည်။ [ဤ ၂၂၇-သွယ်သော သိက္ခာပုဒ်တို့သည် ‘ပါတိမောက္ခသံဝရသီလ’ဟူသော ပေယျာလမုခအားဖြင့် ပြတော်မူအပ်သော ကုဋေကိုးထောင်တစ်ရာ့ရှစ်ဆယ်, ငါးသန်း, သုံးသောင်း, ခြောက်ထောင်သော သိက္ခာပုဒ်တို့တွင် မူလအခြေခံ ဖြစ်ကြ၍ အရေးအကြီးဆုံး ဖြစ်ကြလေသည်၊၊]

ယဉ်ကျေးမှု။ ။ ဤအာဏာပါတိမောက်ဖြင့် ကိုယ်, နှုတ် နှစ်ပါး၏ ယဉ် ကျေးမှုကို အထူးဆုံးမတော်မူ၏၊ မနောဒွါရအတွက် စိတ်သက်သက်၌ အာပတ် သင့်ရမည်ဟု အာဏာထားတော်မမူ၊ ကိုယ်, နှုတ် နှစ်ပါးကို ယဉ်ကျေးအောင် ဆုံးမသော အာဏာတော်များ ဖြစ်သည်။ ဤသိက္ခာပုဒ် အာဏာတော်များကို တသဝေမတိမ်း လိုက်နာ၍ ပြောဆိုနေထိုင်ပါလျှင် ကမ္ဘာပေါ်တွင် အယဉ်ကျေး ဆုံး အဆင့်အတန်း၌ ရဟန်းတော်အားလုံး တည်ရှိကြမည်သာတည်း။

~ ~ ~ ~ ~ ~ ~ ~’ . . .’ ~ ~ ~ ~ ~ ~ ~ ~ ~