သိမ်မျိုးစုံမဟာဋီကာ/ရာဇာ ကဿစိ ဒေတိ-၌ ပုဗ္ဗကာလကြိယာ ပြဋ္ဌာန်းပုံ ပြဆိုခန်း
ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ -၌ ပရိစ္ဆိန္ဒိတွာ - ဟူသော ပုဗ္ဗကာလကြိယာ၊ ဒေတိ -ဟူသော အပရကာလကြိယာ နှစ်ပါးတို့တွင် အဘယ်ကြိယာပြဋ္ဌာန်းသနည်း။ ဂဏဘောဇနံ နာမ ယတ္ထ စတ္တာရော ဘိက္ခု ပဉ္စန္နံ ဘောဇနာနံ အညတရေန ဘောဇနေန နိမန္တိတာ ဘုဉ္ဇန္တိ၊ ဧတံ ဂဏဘောဇနံ နာမ - ဟူသော ပါစိတ် ဂဏဘောဇန သိက္ခာပုဒ်၌ ခံယူခြင်းဟူသော ရှေ့ကြိယာ၊ ဘုဉ်းပေးခြင်းဟူသော နောက်ကြိယာတို့တွင် ခံယူခြင်း ရှေ့ ကြိယာသယ ပမာဏဖြစ်သည်၊ ဘုဉ်းပေးခြင်း ဟူသော နောက်ကြိယာ ပမာဏမဟုတ်။ ထိုကြောင့် ၎င်းအဋ္ဌကထာ၌ ပဋိဂ္ဂဟဏ မေဝ ပမာဏံ -ဟု ဖွင့်တော်မူသည်။ ထို့အတူ ပိုင်းခြားခြင်း ဟူသော ရှေ့ကြိယာ၊ ပေးခြင်းဟူသော နောက်ကြိယာ နှစ်ပါးတို့တွင် ပိုင်းခြားခြင်း ဟူသော ရှေ့ကြိယာသာ ပမာဏဖြစ်သည်။ ပေးခြင်းဟူသော နောက်ကြိယာ ပမာဏမဟုတ်။ ထိုကြောင့် ဝိနယဝိနိစ္ဆယဋီကာ၌ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ -အစရှိသော စကားကို ဆိုသတည်း။ ဝိမတိဝိနောဒနီဋီကာ ၌လည်း ပရိစ္ဆိန္န ဘူမိဘာဂေါ -ဟု ဆိုသတည်း။ နောက်ကြိယာ ပမာဏဖြစ်က ပရိစ္ဆိဒိန္နဘူမိဘာဂေါ -ဟု ဆိုရာသည်။
ဝိနယဂုဠှတ္ထပကာသနီကျမ်းမှာလည်း ပရိစ္ဆိန္ဒိတွာတိ ကာရဏံ သောပီတိ ပရိစ္ဆိန္ဒိတပဒေသော ပိသဒ္ဒေါ ဟေဋ္ဌာပေက္ခက ပုဗ္ဗ ဂါမခေတ္တ ပဒေသောပိ အဘိနဝပရိစ္ဆိန္ဒိတပဒေသာပီတိ အတ္ထော။ အဘိနဝပရိစ္ဆိန္ဒနကာရဏာ - ဟု ဆိုသတည်း။ ယင်းတွင် ပရိစ္ဆိန္ဒိတွာတိ ကာရဏံ - ဖြင့် ပရိစ္ဆိန္ဒီတွာ- ပုဒ်သည် မင်း၏ အပိုင်းအခြားကို ပြုခြင်းသည်သာ ဆိုအပ်ပြီးသော မြေအဖို့၏ ဝိသုံဂါမ ဖြစ်ခြင်း အကြောင်းဟု ပြသည်။ ဤအရပ် သည် ဝိသုံဂါမ ဖြစ်စေဟူ၍ မင်းပိုင်းခြားခြင်းကြောင့်သာ ဝိသုံ. ဂါမ ဖြစ်သည်သာတည်း။ (ဤကား ပိဏ္ဍတ္ထ။) ထိုကြောင့် ပရိစ္ဆိန္ဒိတွာဟူသော ပုဒ်ကို အယံ ဝိသုံဂါမော ဟောတု -ဟူသော ပုဒ်နှင့်သာ စပ်သတည်း။ သောပိ၌ တဖြင့် မင်းပိုင်းခြားအပ်သော အရပ်ကို စွဲအပ်၏၊ မင်းပိုင်းခြား၍ ပေးအပ်သော အရပ်ကို မစွဲအပ်။ ။