သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာ
၃-စိတ္တဝဂ်
၄-သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာ
ယေ စိတ္တံ သံယမေဿန္တိ, မောက္ခန္တိ မာရဗန္ဓနာ။
ဒူရင်္ဂမံ၊ အဝေးအရပ်, မသွားတတ်လည်း, ဝေးရပ်အာရုံ, ယူနိုင်တုံသဖြင့်, ဒူရင်္ဂမ, အမည်ရထသော။ [ဓမ္မဋီအလို ဂမုဓာတ် ဗုဒ္ဓိအနက်ယူ၍ “ဒူရင်္ဂမံ၊ အဝေးအာရုံကို သိနိုင်သော”ဟု ပေး။] ဧကစရံတစ်စိတ်ချုပ်လစ်, တစ်စိတ်ဖြစ်၍, စင်စစ်ကွဲပြား, တစ်ပါးတည်း သာ လှည့်လည်တတ်ထသော။ အသရီရံ၊ ညိုရွှေဖြူနီ, ကိုယ်ထည် ပုံဟန်, သဏ္ဌာန်လည်းမရှိထသော။ ဂုဟာသယံ၊ ဟဒယဝတ္ထု, အမှီပြု၍, ၄ခုသောရုပ်, မဟာဘုတ်လိုဏ်ဂူ၌လည်း ကိန်းထ သော။ စိတ္တံ၊ ကို။ ယေ (ဇနာ)၊ သံသရာရေး, လာမည့်ဘေးကို, မြော်တွေးနိုင်စွမ်း, ရဟန်းလူရှင်, အကြင်ခပ်သိမ်းသူတို့သည်။ သံယမေဿန္တိ၊ မကောင်းမဖြစ်, အကောင်းဖြစ်အောင်, စင်စစ် ပုံသေ, စောင့်စည်း၍ နေကုန်လတ္တံ့။ တေ (ဇနာ)၊ စိတ်နေ မထောင့်, အမြဲဖြောင့်ဖို့, ကြောင့်ကြောင့်ကြကြ, ဗျာပါရဖြင့်, လုံ့လ ရှိသူ, ထိုရဟန်းရှင်လူတို့သည်။ မာရဗန္ဓနာ၊ တေဘူမက, ဝဋ်ဒုက္ခ ဟု, ကိလေသနှောင်, မာရ်မင်းထောင်မှ။ မောက္ခန္တိ၊ ဝမ်းမြောက် ရွှင်ပြ, လွတ်မြောက်ရကုန်လိမ့်သတည်း။ (ပါ-၃၇)
သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။